Myanmar! ရဲတပ်ဖွဲ့သတင်း, ပြန်ပေးဆွဲ, ဆိုင်ကယ်လုယက်မှု, opium cultivation, ရဲတပ်ဖွဲ့သတင်း 2024

2024.12.20 ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ အဆိုပါဆရာဝန်သေဆုံးသွားပြီး တရားခံအမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ အဆိုပါဆရာဝန်သေဆုံးသွားပြီး တရားခံအမျိုးသား ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး(၆၇)နှစ် ထံသို့ အမျိုးသားတစ်ဦး(စိစစ်ဆဲ)မှ ဖုန်းအမှတ် ၀၉၆၈၁၂၀၁၄၅၇ ဖြင့် ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုက ငွေကျပ်သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့ လာထားရန်၊ လာထားသောငွေအား ၎င်းတို့ လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့ သွားရောက်၍ ငွေကျပ် သိန်း ၃,၀၀၀ အား ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ် သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆)နှစ်(ဘ)ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်း x ၁၀၅ လမ်းကြား ငွေလရောင် ဆေးခန်း)အား စစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်း ဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန် ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိ လာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင်(ခ)မိုးဒီ နှင့်အတူ ချုပ်နှောင်နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့အား တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ် ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏ မိဘများထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ် သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရား တောင်ဘက်မုခ်သို့ လာရောက်ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများကလာရောက်ထားပေးခဲ့သည့် ငွေများအား မီနီအိုးဝေ ဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ် ၁ စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ် ၁ စီးတို့အား ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား  သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင် ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းထဲသို့ ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင်(ခ)မိုးဒီ (၂၈)နှစ်(ဘ) ဦးတင်ထွဋ်ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းကို ချမ်းမြသာစည် မြို့နယ်၊ ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းအတွင်းမှလည်းကောင်း၊ ကားအား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ် ၂ စီး၊ မော်တော်ယာဉ် ၁ စီး၊ ငွေစက္ကူရောရာ ၁,၀၂၂ သိန်းကျပ်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ တရားခံ အောင်ဇင်ဖြိုးနှင့် မိုးဒီ(ခ)လွမ်းဇင်အောင်တို့နှစ်ဦးအား ဥပဒေ နှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်စဉ်မှ တရားခံ အောင်ဇင်ဖြိုး သည် ဆရာဝန်တစ်ဦးဖြစ်သော်လည်း Online ဘောလုံး/နှစ်လုံး/သုံးလုံးထီလောင်းကစားများ လုပ်ဆောင်သဖြင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူအား ပြန်ပေးဆွဲ သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို သင်ခန်းစာယူ၍ မိဘပြည်သူများအနေဖြင့်လည်း Online ဘောလုံး/နှစ်လုံး/သုံးလုံးထီလောင်းကစားများအား မပြုလုပ်ကြရန်နှင့် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားပြုလုပ်သူများ၏ သတင်းရရှိပါကသက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ ထံသို့ သတင်းပေးပို့နိုင်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

Myanmar remains the world’s leading source of opium and heroin
2024.12.12 Bangkok (Thailand), 12 December 2024 – Opium cultivation in Myanmar remains at high levels after three years of growth, the United Nations Office on Drugs and Crime (UNODC) reported in its latest opium survey for Southeast Asia.
The report, titled “Myanmar Opium Survey 2024: Cultivation, Production and Implications”, analyses data collected in Myanmar during the third growing season since the military takeover. Showing a moderate decrease of 4 per cent from 47,100 to 45,200 hectares and a similar decrease in yield per hectare, the findings point to an initial stabilization of cultivation at the current high levels, cementing Myanmar’s status as the world’s leading source of opium.
However, the uneven distribution of the decrease, with some parts of the country showing significant increases, as well as uncertainties regarding the impact of the continued drug ban in Afghanistan on global demand for opium and heroin, suggest that Myanmar’s opium economy is at a crossroads.
2024.5.26, ထိုင်းဘဏ်အကောင့်များ သုံး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု ရှိမရှိ မေ ၂၇ ရက်မှစကာ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ဘဏ်အကောင့် ၁၀၆ သန်း ထိုင်းအစိုးရ စစ်ဆေးမည်

ထိုင်းဘဏ်အကောင့်များ သုံး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု ရှိမရှိ မေ ၂၇ ရက်မှစကာ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းငွေကြေးလိမ်လည်သူများက အခြားသောသူများ၏ အမည်ဖြင့် မှတ်ပုံတင်ထားသော ဆင်းမ် ကဒ် (SIM) များ သုံး၍ ဘဏ်အကောင့်များဖွင့်ကာ ငွေကြေးလိမ်လည်မှုများ လုပ်နေကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် The Thaiger က ရေးသားထားသည်။

ထို့အတွက် ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) အနေဖြင့် ဘဏ်များနှင့် မိုလ်ဘိုင်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် AIS ၊ True တို့နှင့် ပူးပေါင်းကာ ဖုန်းဆင်းမ်ကဒ်များကို အမည် အမှန်ဖြင့် မှတ်ပုံတင်ထားမှုရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

NBTC သည် ထိုင်းနိုင်ငံရှိ မိုဘိုင်းဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသည့် Mobile Banking အကောင့် ၁၀၆သန်းကို ပိုင်ရှင်အမည်များ တူညီမှု ရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ်နိုင်ရန် ခန့်မှန်းထား ကြောင်း သိရသည်။

ထို့အတွက် ထိုင်းဘဏ်အကောင့်ဖွင့်ထားသူများ မိမိတို့ ကိုင်ဆောင်ထားသည့် ဖုန်းဆင်းမ်ကဒ်နှင့် နေထိုင်ခွင့် အထောက်အထားများ မှန်ကန်စွာဖြည့်စွက်ထားရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သတိပြုကြရန် အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာအလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ (WAG) မှ ကိုမုန်တိုင်းက “ဒီလိုဘဏ်အကောင့်တွေကို စစ်ဆေးမယ်ဆိုတာ တခုတော့ ကောင်းသွားတယ်။ ထိုင်းနိုင်ငံထဲမှာရှိတဲ့ လူလိမ်တွေ ထိုင်းလူမျိုးရော၊ မြန်မာလူမျိုးရော သူတို့တွေရန်ကနေ အဆင်ပြေသွားမယ်။ တချို့လူတွေအတွက် မှန်မှန်ကန်ကန်လုပ်တဲ့သူတွေက ဖုန်းကဒ်တွေနဲ့ ဘဏ်ကဒ်တွေက နှစ်ကြာ သွားတော့ ပျောက်ပျက်တာတွေ ရှိတဲ့သူတွေကတော့ ပြန်လုပ်ရမှာပေါ့။ နာမည်ပေါက်တွေ ဖြစ်အောင်လို့။ လူလိမ်တွေ ကတော့ ထိခိုက်မှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ထိုင်းနိုင်ငံ မဟာချိုင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုရှိ မြန်မာအလုပ်သမားတဦး၏ ဘဏ်အကောင့်မှနေ၍ အွန်လိုင်းဂိမ်းငွေကြေးလိမ်လည်မှုဖြင့် ဆက်စပ်သည့် ဘတ်ငွေ သိန်း ၂၀ ကို ထုတ်ယူသွား သည်ဟု ဆိုကာ ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖော်များက ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမား အပါအဝင် မြန်မာ၁၃ ဦးသည် ၂၀၂၄ ဇန်နဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက် လာ သူများ ဖြစ်ပြီး ရက် ၂၀ အကြာ၌ ဘဏ်အကောင့်ဖွင့်ခဲ့ကြောင်း၊ ၂ လအကြာတွင် ထိုအလုပ်သမား ၏ ဘဏ်အကောင့်ကို သုံးကာ အွန်လိုင်းဂိမ်းနှင့် ပတ်သက်၍ ဘတ် သိန်း ၂၀ ကို ဘဏ်မှ ထုတ်သွားသည်ကို စစ်ဆေး တွေ့ရသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုမုန်တိုင်းက “MoU နဲ့ တက်လာတဲ့ အလုပ်သမား ၁၃ ယောက်ဆိုရင် ထိုင်းလူမျိုးက ဒီအလုပ်သမားတွေရဲ့ ဖုန်းကဒ်နဲ့ ဘဏ်ကဒ်ဖွင့်ပေးပြီး Password တွေပါ ယူသွားတယ်။ ပေးမသုံးဘူး။ သူတို့က လောင်းကစားတွေလုပ်တဲ့နေရာမှာ အသုံးပြုကြတယ်။ ပြီးတော့ ဘတ် သိန်း ၂၀ ထုတ်တော့ အကောင့်ပိုင်ရှင် မြန်မာအလုပ်သမားက ထုတ်တယ်ဆိုပြီး အဖမ်းခံလိုက်ရတယ်။ ထောင် ၁၀ နှစ် ကျဖို့အတွက် ဖြစ်နေတယ်။ အခုထိပြန်မလွတ်သေးဘူး။ မြန်မာသံရုံးကို အာမခံပေးဖို့ပြောပေမယ့် အာမခံမပေးသေးတဲ့အတွက် စိုးရိမ်နေရတယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများအား ဘဏ်အကောင့်ဖွင့်ပေးသည့် ထိုင်းအမျိုးသားက သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသော အလုပ်သမားထံ၌ ဘဏ်စာအုပ်နှင့် ဘဏ်ကဒ်များ ရှိမနေကြောင်း၊ လက်ရှိတွင် ကျန်ရှိသည့် အလုပ်သမား ၁၂ ယောက်၏ ဘဏ်အကောင့်များပါ ပိတ်ခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူ၏ လုပ်ဖော်ကိုင်ဖက်တဦးက “အဲဒီထိုင်းအမျိုးသားက ဘဏ်စာအုပ်နဲ့ ဘဏ်ကဒ်တွေကို သိမ်းသွား ပါတယ်။ ဘဏ်အကောင့်ဖွင့်ခဲ့ပြီး အဖမ်းခံရတဲ့ ကာယကံရှင်လက်ထဲမှာ ဘဏ်စာအုပ်၊ ဘဏ်ကဒ်တွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင် ဘာမှမသိလိုက်ရဘဲ အွန်လိုင်းမှာ ဂိမ်းကစားထားတဲ့ငွေတွေဖြစ်တဲ့ ဘတ် သိန်း ၂၀ ကို ထုတ်ယူ သွားတယ်ဆိုပြီး ဘဏ်စာရင်းမှာ ပေါ်လာတာလာကြောင့် အဖမ်းခံလိုက်ရတယ်“ ဟု ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားသည် လောင်းကစားတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး လာမည့် မေ ၂၈ ရက်၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ မြန်မာသံရုံးအနေဖြင့် ထောက်ခံပေးမည်ဆိုပါက လွတ်မြောက်နိုင်သော် လည်း ထောက်ခံမှုတစုံတရာမပေးကြောင်း ကူညီဆောင်ရွက်ပေးသူများနှင့် လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ထိုသို့ ငွေကြေးအလွဲသုံးစားမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းဘဏ် အကောင့် ဖွင့်သည့်အခါမျိုး၌ နာမည်ခံ၍ မလုပ်ပေးရန်နှင့် မိမိအမည်ဖြင့်သာ အချက်အလက်မှန်ကန်စွာ လုပ်ဆောင်ကြ ရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးပြောဆိုသည်။

泰国媒体报道称,泰国政府将从5月27日开始进行检查,看看是否存在利用泰国银行账户进行网络诈骗的情况。

据泰国通讯社 The Thaiger 报道,在泰国,网络诈骗者使用以他人名义注册的 SIM 卡开设银行账户并实施金融诈骗。

因此,泰国国家广播和电信委员会(NBTC)宣布,银行和AIS等移动电信公司,他们将与 True 合作,检查手机 SIM 卡是否以正确的名称注册。

NBTC将检查与泰国手机号码关联的1.06亿个手机银行账户的名称是否相同,该过程预计将在120天内完成。

因此,缅甸公民还应该注意,泰国银行账户持有人需要正确填写手机SIM卡和居住证明。

2024.5.12, မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်၊ သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်းသတင်းအရ ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၉ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦးတို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း/ ငွေကြေးများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော် မေ ၁၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်၊ သီရိမွန်အိမ်ရာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

စုစုပေါင်း ၄၇ ဦး ဖမ်းဆီး

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲလုပ်ကိုင်နေသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသားသုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် လောင်းကစားလာရောက် ကစားသူ တရုတ်နိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၇ ဦး တို့ကို လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ ငါးခုံ၊ ပဲကြားလော့လောင်းကစားခုံ နှစ်ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ တစ်ခုံ၊ ငါးပစ်ဂိမ်းလောင်းကစားခုံ တစ်ခုံ၊ ဖဲထုပ် ၂၅၄ ထုပ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တိုကင်ပြားများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့နှစ်လုံး၊ Tablet တစ်လုံး၊ All in one ကွန်ပျူတာတစ်လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/ အပြောင်းပြုလုပ်ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များရေးသားထားသည့် ကတ်ပြားတစ်ခု၊ ဖဲချပ်ဖျက်စက်တစ်လုံး၊ ငွေရေတွက်စက်တစ်လုံး၊ CCTV Recorder တစ်လုံး၊ လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။

အရေးယူဆောင်ရွက်လျက်ရှိ

အဆိုပါဖမ်းဆီးရမိသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသားရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ဝင်းမြင့်ထွန်းပါ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၇ ဦး တို့အား မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

5月10日凌晨1点30分,由缅甸警方安全部队组成的联合小组,採取突擊行動,搗毀仰光省瑪仰貢鎮區一間酒店內盤踞的電信詐騙和賭博團夥,抓獲包括16名中國籍人員在內的47名犯罪嫌疑人,現場繳獲大批涉及詐騙和賭博的工具。

2024.3.22,位于仰光市•昂山将军路和登朴路交口的一家名为King’s Throne的汽车租赁公司,在充当车主与租车人之间的衔接公司后,未将车辆归还给车主,也没有归还向租车人收取的押金,老板带着押金跑路了,据说这在缅甸汽车界历史上尚属首次。
ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွား

ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွား

ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်အငှားလောကမှ သိရသည်။

လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ King Throne အမည်ရှိ မော်တော်ယာဉ်အငှားကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီက မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်ငှားရမ်းသူများထံမှ ငွေကြေးများ လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီမှ မော်တော်ယာဉ်ပိုင်ရှင်များကို ကားငှားရမ်းခ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ စတင်ကာ ကျပ်သိန်းဆယ်နှင့်ချီပေးကာ ကားငှားရမ်းခဲ့ပြီး ကားငှားရမ်းလိုသူများထံမှ စပေါ်ငွေအဖြစ် တစ်စီးလျှင် ကျပ်သိန်း ၁၀၀ အနည်းဆုံးရယူကာ တစ်လလျှင် ကျပ်သိန်းဆယ်နှင့်ချီ ငှားရမ်းခယူခဲ့သည်။

လိမ်လည်ခံရသည့် မော်တော်ယာဉ်ပိုင်ရှင်မှာ အနည်းဆုံး ၁၀၀ ကျော်ခန့်ရှိပြီး မော်တော်ယာဉ်အစင်းရေမှာ ၃၀၀ နီးပါးရှိသည်ဟု မော်တော်ယာဉ်လောကမှ သိရသော်လည်း အတိအကျကိုမူ သိရှိရခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိသည်။

“တစ်စီးကို သိန်းတစ်ရာနဲ့တွက်ရင် အစီးတစ်ရာဆိုရင် သိန်းတစ်သောင်းဖြစ်နေပြီလေ။ အခုက အနည်းဆုံး ၁၀၀ လောက်ရှိတယ်။ အတိအကျတော့ ဘယ်သူမှ မသိနိုင်ဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ မော်တော်ယာဉ်ပိုင်ရှင်အချို့မှာ ကားငှားရမ်းခ မရရှိသည့်အပြင် မော်တော်ယာဉ်ကိုလည်း ပြန်လည်မရရှိခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့ထံမှ သိရသည်။

“လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်ကတည်းက ကားငှားခမရတော့တာ။ အရင်ကတော့ အဲဒီလိုမဖြစ်ဖူးတော့ လိမ်မယ်လို့လည်း မထင်မိဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ကုမ္ပဏီရုံးခန်းနေရာသို့ သွားရောက်ကြည့်ရှုရာမှ ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ခဲ့ရပြီး အဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါယာဉ်ပိုင်ရှင်က ပြောကြားသည်။

လက်ရှိတွင် မော်တော်ယာဉ်ပိုင်ရှင်များမှာ မိမိ၏မော်တော်ယာဉ်မှာ မည်သည့်နေရာတွင် ရောက်ရှိနေသလဲဆိုသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပို့စ်တင်ကာ စုံစမ်းခြင်း၊ မေးမြန်းခြင်းများ လုပ်ဆောင်နေရသည်ဟု သိရသည်။

ယင်းကုမ္ပဏီမှ မော်တော်ယာဉ်ငှားရမ်းထားသူအချို့က ယာဉ်ပိုင်ရှင်များကို ဆက်သွယ်ပြီး ငှားရမ်းထားသည့် မော်တော်ယာဉ်များကို ပြန်လည်ပေးအပ်ခြင်းများရှိသည်။ ယာဉ်ငှားရမ်းထားသူများက လိမ်လည်ခဲ့သည့် ကုမ္ပဏီကို ပေးသွင်းထားသည့် စပေါ်ငွေများကိုမူ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ အဆိုပါကုမ္ပဏီရုံးခန်းရှိရာ ပထမအထပ်သို့ သွားရောက်စုံစမ်းရာတွင် ကုမ္ပဏီဆိုင်းဘုတ်သာတွေ့ရှိရပြီး ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ရသည်။

“ခဏခဏ လာမေးကြတယ်။ မှတ်မိသလောက်ဆို နေ့တိုင်းနီးပါးပဲ။ အဲဒီကုမ္ပဏီက တစ်လနီးပါးလောက်ရှိပြီ ပိတ်သွားတာ။ မပိတ်ခင်က ဝန်ထမ်းနည်းနည်းပဲ လာတော့တာတွေ့တယ်။ တစ်လလောက်ကြာတော့ ရုံးခန်းပါပိတ်သွားတာ။ အဲဒီအခန်းကလည်း ငှားထားတဲ့အခန်းလေ။ ကားအလိမ်ခံရလို့ လာမေးကြတာ မနည်းဘူး။ ပါသွားတယ်ဆိုရင်တော့ ရဲစခန်းသွားအကြောင်းကြားထားတာ ကောင်းမယ်” ဟု အဆိုပါကုမ္ပဏီရုံးခန်းတည်ရှိသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ်ပိုင်ရှင်အချို့က ဗိုလ်တထောင်ရဲစခန်းတွင် တိုင်တန်းထားကြောင်း သိရသည်။

ကားလောကမှာ ပထမဆုံးအနေနဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး ကုမ္ပဏီတခုက လိမ်လည်မှုဖြစ်ပွား

မြန်မာပြည် ကားလောကသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းပေါင်း သောင်းနဲ့ချီတဲ့ လိမ်လည်မှုတခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကားလောကအတွင်းက သိရပါတယ်။

လိမ်လည်ခဲ့တဲ့ ကုမ္ပဏီဟာ King Throne အမည်ရ မော်တော်ယာဉ် အငှားကုမ္ပဏီဖြစ်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၁၃ လမ်းမှာ တည်ရှိကာ ကုမ္ပဏီတည်ထောင်သူ အနေနဲ့ ကားပိုင်ရှင်တွေဆီ ကားပြန်မအပ်တဲ့အပြင် ပေးသွင်းရမယ့် လစာနဲ့ ကားငှားသူတွေဆီက ရယူထားတဲ့ စပေါ်ငွေတွေကို လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ King Throne ကုမ္ပဏီဂယက်ကြောင့် အဲဒီကုမ္ပဏီကို ကားငှားထားသူတွေနဲ့ စပေါ်တင်ပြီး ကားငှားထားသူတွေကြား စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“ကုမ္ပဏီက လိမ်လည်မှုဖြစ်တယ်ဆိုတာ ဒီနေ့မနက်မှ သိလိုက်ရတာပါ။ လိမ်သွားတဲ့ ကားကုမ္ပဏီကနေ မန္တလေးမှာ ကားငှားမိထားတာပါ။ ကားပိုင်ရှင်နဲ့ ဆက်သွယ်ဖို့ လုပ်နေပါတယ်။ တကယ့် ကားပိုင်ရှင်အစစ် မဟုတ်ဘဲ အလိမ်အညာတွေ ထပ်ဖြစ်မှာလည်းစိုးတယ်” လို့ ကားငှားထားသူတယောက်က ပြောပါတယ်။

လတ်တလောမှာ ကားပိုင်ရှင်တချို့နဲ့ စပေါ်တင်ပြီး ကားငှားထားသူတချို့ တွေ့ရှိသွားကြတာတွေရှိပြီး အဲဒီလို တွေ့ဆုံရာမှာ တချို့ကားပိုင်ရှင်တွေက စပေါ်ငွေ သိန်း ၁၀၀ လုံး ပြန်ပေးပေမယ့် တချို့ကတော့ စပေါ်ငွေ တဝက်သာ ပြန်ပေးပြီး တချို့ကတော့ လုံးဝ မပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

King Throne ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဟာ ဦးသက်အောင် ဖြစ်တယ်လို့ သိရပြီး သူ့ရဲ့ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ကုမ္ပဏီဖွဲ့စည်း လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဦးသက်အောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ Company Operation လွဲချော်မှုကြောင့် အခက်အခဲပြဿနာ ဖြစ်ပေါ်ခဲ့မှုအတွက် ရုံးခန်းပြန်ဖွင့်ပြီး အမြန်ဆုံး ပြန်လည် ဖြေရှင်းပေးမှာဖြစ်ကာ ချွတ်ချော်မှုတွေအတွက် တောင်းပန်တယ်လို့ အသိပေး ပြောဆိုထားပြီး ခရီးဝေးရောက်နေတဲ့အတွက် ၀၉၄၂၀၀၇၈၄၇၈ ၊ ၀၉၇၉၃၀၆၃၆၃၅ Viber ဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့ ပြောဆိုထားတာကို တွေ့ရပါတယ်။

အဲဒီ ဖုန်းနံပါတ်တွေဟာ ဆက်သွယ်လို့မရတဲ့ ဖုန်းနံပါတ်တွေဖြစ်တယ်လို့ ကားပိုင်ရှင်တွေနဲ့ ကားငှားရမ်းထားသူတွေက ပြောဆိုကြပြီး VOM အနေနဲ့ အဲဒီဖုန်းနံပါတ်တွေ ဆက်သွယ်ကြည့်တာမှာလည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ ကားပိုင်ရှင်တယောက်က “သူ‌ပြောထားတဲ့ဖုန်းတွေ အကြိမ်ကြိမ်ဆက်ပြီးပါပြီ။ Viber မှာ စာပို့ထားတာလည်း ဘာမှပြန်မပြောဘူး။ Viber သုံးနေတာတော့တွေ့တယ်။ ဒါပေမယ့် ဘာမှ ပြန်မပြောတာ။ တကယ်ဆို ကားတွေကို ဘယ်သူတွေကို ငှားခဲ့လဲဆိုတဲ့ အချက်အလက်လေး‌တွေတော့ ချန်ထားခဲ့သင့်တယ်။ အခုတော့ ပိုင်ရှင်တွေက ဘယ်လိုက်လို့ လိုက်ရမယ်မှန်း မသိဘူး။ သူ့ (ဦးသက်အောင်) သတင်းကလည်း ပြည်ပပဲ ထွက်ပြေးသွားသလိုလို ကြားနေတယ်” လို့ ပြောပါတယ်။

King Throne ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ သူတို့ကုမ္ပဏီ CEO ရဲ့စပေါ်ငွေကြေးဆိုင်ရာ အရှုပ်အရှင်းပြဿနာတွေမှာ ပါဝင်ပတ်သက်ခြင်း လုံးဝမရှိဘဲ သူတို့အနေနဲ့ အလုပ်တာဝန်နဲ့ CEO ရဲ့ တာဝန်ပေး လမ်းညွှန် ခိုင်းစေမှုအတိုင်းသာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အသိပေး ပြောဆိုကြပါတယ်။

စပေါ်ငွေ သိန်း ၁၀၀ ၊ ၁၅၀ ၊ ၂၀၀ ၊ ၃၀၀ စတဲ့ သတ်မှတ်ချက်တွေနဲ့ ကားငှားမယ့် ဆုံးဖြတ်ချက်တွေကိုလည်း CEO ကပဲ ချမှတ်လုပ်ဆောင်ခြင်းဖြစ်တာမို့ သူတို့အနေနဲ့ သိရှိထားတာမရှိဘူးလို့ ပြောဆိုကြပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်တချို့ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်တထောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လုပ်ငန်းကဏ္ဍ လောကနယ်ပယ်အသီးသီး မြောက်မြားစွာထဲက ဒီတစ်ပတ် ထူးခြားတဲ့ လိမ်လည်မှုတစ်ခုကတော့ ကားလောကရဲ့ လိမ်လည်မှုတစ်ခုပဲဖြစ်ပါတယ်။

မြန်မာပြည်ကားလောကသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကျပ်သိန်းပေါင်းသောင်းနဲ့ချီတဲ့ လိမ်လည်မှုတစ်ခု အခုအပတ်ထဲဖြစ်ပွားခဲ့ပါတယ်။

King’s Throne လို့ အမည်ရတဲ့ ကားငှားရမ်းရေးကုမ္ပဏီက ကားပိုင်ရှင်နဲ့ ကားငှားရမ်းသူတွေကြား ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အခုခါ ကားပိုင်ရှင်တွေဆီ ကားပြန်မအပ်တဲ့အပြင် ပေးသွင်းရမယ့် လစာနဲ့ကားငှားသူတွဆီကနေ ရယူထားတဲ့ စပေါ်ငွေတွေ ပြန်မပေးနိုင်တဲ့အတွက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်အောင်အပါအဝင် ရုံးအဖွဲ့တွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လိမ်လည်မှုကိုလုပ်တဲ့ပုံစံကတော့ ကုမ္ပဏီထောင်၊ ကားငှားချင်တဲ့သူတွေရှိရင် ကားငှားပေးလိုက်တယ်။ အဲဒီလိုပဲ ကားပိုင်ရှင်တွေရှိတယ်ဆိုရင်လည်း ယူထားပေးလိုက်ပြီးတော့ တစ်ဆင့်ပြန်ငှားတာ။ အဲဒီမှာ ထူးခြားတာက ကားငှားတဲ့အခါမှာ စပေါ်တောင်းတာပေါ့။ သူက အလယ်ကနေပြီးတော့ စပေါ် သိန်း ၅၀ ကနေ ၁၀ဝ ယူထားလိုက်တာလို့ လိမ်လည်မှုပုံစံနဲ့အကြောင်းအရာကို အသေးစိတ်သိရှိသူ လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

King’s Throne ကုမ္ပဏီပိုင်ရှင် ဦးသက်အောင်က ကားအစီးရေ ၁၀ဝ လောက်ဆီကနေ ကားတစ်စီးကို စပေါ်ငွေ ကျပ်သိန်း ၁၀ဝ လောက်ရယူထားတဲ့အတွက် ကျပ်သိန်းပေါင်း သုံးသောင်းလောက်အထိ လိမ်လည်မှုဖြစ်တယ်လို့ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတယ်။

ဒီလိမ်လည်မှုသတင်းကိုသိရှိတဲ့ တချို့သူတွေကလည်း ကျပ်သိန်း သုံးသောင်းလောက်အထိ မဖြစ်နိုင်ပေမဲ့ အနည်းဆုံး ကျပ်သိန်းသောင်းချီရှိနိုင်တယ်လို့ CJ Platform ကို မှတ်ချက်ပေးပါတယ်။

“ဦးသက်အောင်ပြောပုံအရ သိန်း ၇၀ဝ၀ လောက်လို့ပြောပေမဲ့ တခြားသူတွေပြောတာက အစီး ၃၀ဝ လောက်ကို သိန်းပေါင်း သုံးသောင်းလောက်လို့ ပြောကြတယ်။ ကျွန်တော့်အနေနဲ့တော့ သိန်းသောင်းနဲ့တော့ ချီမယ်ထင်တယ်” လို့ King Throne ပိုင်ရှင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအထိအဆက်အသွယ်ရှိခဲ့တဲ့ ကားလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါတယ်။

ဒီလိမ်လည်မှုမှာတော့ ငွေကြေးဘယ်လောက်ဆိုတာ အတိကျမသိရသေးပေမဲ့ ဦးသက်အောင်ရဲ့ ကုမ္ပဏီဆီ ကားငှားထားသူတွေနဲ့ စပေါ်တင်ပြီး ကားငှားထားသူတွေကြား စိုးရိမ်ပူပန်နေကြပါတယ်။ ကိုသက်အောင်ဆီ စပေါ်တင်ထားတဲ့သူတွေအားလုံး တစ်ယောက်မှ ငွေပြန်မရတာတော့ သေချာတယ်။

ကားငှားထားတဲ့သူတွေကလည်း ကားငှားခတွေ အခုထိ ပြန်မရတာလည်း သေချာတယ်လို့ ပြောဆိုနေကြပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့စီးပွားရေးလောကအတွင်း ကျပ်သိန်းသောင်းနဲ့ချီပြီး ငွေကြေးပမာဏအမြောက်အမြား လိမ်လည်မှုဖြစ်စဉ်မှာ ပွဲရုံလုပ်ငန်းများအတွင်း ဖြစ်ပွားခဲ့ဖူးပြီး ကားလောကမှာတော့ ဒါပထမဆုံးလိမ်လည်မှုလို့ ဆိုနိုင်ပါတယ်။

2024.2.23 2月23日凌晨,缅甸警方和军队对大其力地区的3个网络赌场和电信诈骗窝点进行了突袭。在这次行动中,缅甸方面共扣押了689人,其中包括1名中国公民和540名缅甸公民,以及148名泰国公民(其中包括75名男性和73名女性)。此外,还查获了大量物品,包括多台电脑、8辆汽车、120辆摩托车等。据悉,被捕的泰国公民大部分在大其力地区的网络赌场从事客服工作。他们使用临时过境通行证或者从美塞县泰缅边境一号大桥的永久过境点出境,每次停留不超过7天。 တာချီလိတ်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ဖေဖော်ဝါရီ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ)ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝန်းအတွင်း၌ တရားမဝင် အွန်လိုင်းဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများသည် ပြုလုပ်နေကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ အွန်လိုင်းဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

တာချီလိတ်တွင် တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်း၊ တရုတ်၊ မြန်မာနိုင်ငံသား စုစုပေါင်း ၆၈၉ ဦး ဖမ်းမိ

တာချီလိတ်မြို့ရှိ မြေဧရိယာ နှစ်ဧက ကျယ်ဝန်းသည့် ခြံဝန်းထဲတွင် တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံ သူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတိုအား ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ထုတ်ပြန်ထားသည်။

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နှစ်ဧကကျယ်ဝန်းသည့် ခြံဝန်းအတွင်းရှိ ဆောက်လုပ်ဆဲ နှစ်ထပ်ဆောင် သုံးဆောင်အတွင်း၌ အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်သူများ လုပ်ဆောင်သည်ဆိုသော သတင်းရရှိသည့်အတွက် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် အဆိုပါနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ဧကလောက် ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ ကျွန်တော်တို့ နှစ်ထပ်ဆောင် သုံးဆောင် ဆောက်လုပ်ဆဲ လူနေ နေရာတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေရော၊ အခြားအိမ်နီးချင်းနိုင်ငံတွေရာ ထိခိုက်စေတဲ့ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု SAC၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ ရှာဖွေစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာ အမျိုးသား ၁၇၃ ဦးနှင့် အမျိုးသမီး ၃၆၇ စုစုပေါင်း မြန်မာနိုင်ငံသား ၅၄၀ ဦး စုစုပေါင်း ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံသား ၆၈၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည့်အပြင် မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသူ/သားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts