Myanmar! 2026 တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ, လမ်းခွဲမည်ပြောသည့် ချစ်သူဖြစ်သူ အထည်ချုပ်စက်ရုံမန်နေဂျာအမျိုးသမီးကို သတ်ဖြတ်လာသော အမျိုးသားက ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား, မလေးရှားတွင် တောရိုင်းတိရစ္ဆာန် အမဲလိုက်မှုဖြင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ, ပုသိမ်ကြီးတွင် ခိုးဝှက်လုယက်နေသည့် ပြည်သူ့စစ် ၂ ဦးကို ဖမ်းမိ, မန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့တဲ့ တရားခံလေးယောက် ဖမ်းဆီးရမိ, အမေရိကန်သံတမန် အသတ်ခံရမှုတွင် ထိုင်းအမျိုးသမီးကို လူသတ်မှုဖြင့် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေး, လူငယ်တစ်ဦး အသတ်ခံရသည့်အမှုတွင် အဓိကတရားလိုပြသက်သေက လာဘ်ငွေယူ၍ မမှန်မကန် ထွက်ဆိုမိကြောင်း ဖွင့်ဟ ဝန်ခံလာ, တရုတ်ပြည်မအထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ပြန်လည် လွတ်မြောက်လာ, အိမ်မဲမြို့နယ်၌ ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးက အဓမ္မပြုကျင့်, ငါန်းဇွန်မြို့နယ်၌ တောင်သူ လင်မယား ၂ ဦး ဓားပြတိုက်အသတ်ခံရ, ပျဉ်းမနားမြို့နယ် “PNPT ကလေးအားကစားကွင်း”အနီးတွင် ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချ, ဆိုင်ကယ်ဖြင့်လိုက်ပါလာသော မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားမောင်းနှင်လာသော မော်တော်ယာဥ် ဝင်တိုက်ရာမှ ဒဏ်ရာရ သေဆုံးမှု ထိုင်းနိုင်ငံ လယောင်မြို့တွင် ဖြစ်ပွား, ရွှေဘိုတွင် စစ်မှုထမ်းတပ်သား ၁ ဦးကို မိသားစုနှင့်အတူ ဖမ်းဆီးရမိပြီး ဖောင်းပြင်တွင် SNA ရဲဘော် ၃ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက်, နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ခန့် သေဆုံး , ပြည်ပက ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွင့်အတွက် ကန့်သတ်ချက်တွေနဲ့ ပယ်ချမှုများလာလို့ အဆင်မပြေ, ညသန်းခေါင်နေအိမ်ပေါ် ဓားနဲ့ဝင်ထိုးလို့ သက်ကြီးပိုင်းအမျိုးသမီးသေဆုံး, တောင်ကုတ်တွင် ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက် နှင့် ဘီယာများ ဖမ်းဆီးရမိ, ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၉၃ ကီလိုကျော် ဖမ်းဆီးရမိ, ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားသောနေအိမ်တွင် ပြစ်ဒဏ်ဆက်လက်ကျခံရန် ပြောင်းလဲဟု MRTV ကြေညာ, ပေါက်တော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို နှစ်လနီးပါးကြာသည့်တိုင် ဒီလပ်က မဖမ်းနိုင်သေး , ရခိုင် အမျိုးသမီးသတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရ, ဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ CI စနစ် ဖျက်သိမ်းရေး တောင်းဆို, မြန်မာပြည်အလည်ပြန်ဖို့ သံရုံးထောက်ခံစာလိုအပ်သည့် ကြေညာချက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေ, ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်သည့် အလုပ်လက်မဲ့မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားတရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲဆို, ပဲခူးတိုင်း၊ အောက်မင်းလှမြို့နယ်တွင် ပေါ်တာဝင်ဆွဲသော ပျူစောထီးခေါင်းဆောင် နေလင်းနှင့်အဖွဲ့က လူငယ် မောင်အောင်ဇေယျာဖြိုးကို ပစ်သတ်သွား၊ စစ်ကိုင်းမြို့တွင် ဧပြီလအတွင်း လူငယ် ၄၀၀ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ, အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တီးတိန်မြို့နယ်ရှိ တော်လှန်ရေးရဲဘော်၊ ရဲမေများအပါအဝင် ၁၀ ဦး သေဆုံး, တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၅ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ, တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး, မိုင်းပန်တွင် တရုတ် ၅၂ ဦးအပါအဝင် ကျားဖြန့်အဖွဲ့ဝင်များ ဖမ်းဆီးခံရ, ရန်ကုန်-မော်လမြိုင်လမ်းတွင် ကား ၄ စီးတိုက်မိပြီး ၁၂ ဦး သေဆုံး, နေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ထိခိုက်ဒဏ်ရာရ, တောင်သာမှာ ကျောင်းထိုင်ဆရာတော် တပါး သတ်ခံရ, ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ, မဲဆောက်တွင် LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း, ဆေးကြောင်နေသော ခင်ပွန်းက ဇနီးသည်အား ခေါင်းဖြတ်သတ်မှု မှော်ဘီတွင် ယနေ့ဖြစ်ပွား, အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့ အမျိုးသားကို ရွှေပြည်သာတံတားပေါ်မှာ သဲကားနဲ့ ကုန်ကားက တိုက်ကြိတ်လို့သေဆုံး, မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးကိုသတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း အတည်ပြု ထုတ်ပြန်, သီတာယုမွန်၏ ခင်ပွန်းဖြစ်သူ စိန်လွင်ကို အရေးယူနိုင်ရန် သက်ဆိုင်ရာကို လွှဲမည်, နှစ်သစ်တွင် ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းသို့ ပြန်ပို့, ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးမှု ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးစားနေ

2026.6.12 လူငယ်တစ်ဦး အသတ်ခံရသည့်အမှုတွင် အဓိကတရားလိုပြသက်သေက လာဘ်ငွေယူ၍ မမှန်မကန် ထွက်ဆိုမိကြောင်း ဖွင့်ဟ ဝန်ခံလာ
လူငယ်တစ်ဦး အသတ်ခံရသည့်အမှုတွင် အဓိကတရားလိုပြသက်သေက လာဘ်ငွေယူ၍ မမှန်မကန် ထွက်ဆိုမိကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။
ယင်းသို့ ဖွင့်ဟ ပြောဆိုခြင်းမှာ အမှုမှန်ပေါ်ပေါက်စေလို၍ ဖြစ်ပြီး ဥပဒေအတိုင်း ဖြစ်စေလို၍ ဖွင့်ပြောခြင်း ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။
လာဘ်ငွေယူ၍ အမှုကို မမှန်မကန် သက်သေထွက်ဆိုသူမှာ မောင်လှိုင်ဇေထွန်း ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်ညက သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် သက်ဦးဇော်ဆိုသူနှင့် မယားညီအစ်ကိုတော်စပ်သူဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုတွင် အဓိကတရားလိုပြသက်သေဖြစ်သူ မောင်လှိုင်ဇေထွန်း (သေဆုံးသူနှင့် မယားညီအစ်ကို) က လက်ရှိ ရင်ဆိုင်ဆဲ တရားခွင်အတွင်း တရားခံများပေးသည့် လာဘ်ငွေယူကာ အဖြစ်မှန်ကို ကွယ်ဝှက်ထွက်ဆိုခဲ့မိကြောင်း MT News ကို မီဒီယာများနှင့် တွေ့ဆုံသည့် ဇွန်လ ၈ ရက်က ပြောသည်။
“ဒီအမှုကို အမှန်အတိုင်း ဖြစ်စေချင်တယ်။ ပိုက်ဆံယူခဲ့မိပါတယ်။ မမြင်ပါဘူးဆိုပြီး ထွက်ဆိုခိုင်းခဲ့တာပါ။ အကြွေးကလည်းရှိနေတော့ ပိုက်ဆံယူပြီး ထွက်ဆိုခဲ့ပါတယ်။ အခုကတော့ အမှန်ပေါ်ပေါက်စေချင်လို့ မမှန်မကန်ထွက်ဆိုခဲ့တာကို ပြောပြတာပါ”ဟု ယင်းက ပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ မီးချစ်စံကျေးရွာနေ အသက် ၁၉ နှစ်အရွယ် သက်ဦးဇော်အား လူ ၅ ဦးက ဝိုင်းရိုက်ခဲ့သောကြောင့် နေရာ၌ပင် သေဆုံးခဲ့ရသည့် အမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ဦးဇော်သေဆုံးခဲ့သည့်အတွက် ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မအေးမြတ်မွန်က ကျေးရွာ နယ်မြေရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာ ပျော်ဘွယ်နယ်မြေရဲစခန်းက(ပ)၂၅/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ – ၃၀၂၊ ၃၂၅၊ ၂၉၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်၍ တရားစွဲဆိုတင်ပို့ ရာ လက်ရှိတွင် တွံတေးခရိုင်တရားရုံးက ရာကြီးမှုအမှတ်- ၂၈/၂၀၂၆ဖြင့် စစ်ဆေး စီရင်နေဆဲဖြစ်ကြောင်း သိရသည်။
အမှုမှာ ဧပြီလ ၂၂ ရက် ည ၁၀ နာရီခွဲခန့်အချိန် ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာရှိ ခဲအိုဖြစ်သူ လှိုင်ဇေထွန်း၏ နေအိမ်၌ (တရားလို)မအေးမြတ်မွန်က ခင်ပွန်းဖြစ်သူ သက်ဦးဇော် (သေဆုံးခဲ့သူ) နှင့် အတူ ရှိနေစဉ် အိမ်ချင်းကပ် မသိင်္ဂီအေးနေအိမ်၌ သီချင်းများအော်ဆိုနေကြသဖြင့် ခင်ပွန်းဖြစ်သူ သက်ဦးဇော်က ခဲဖြင့်ပစ်ပေါက်သည့်ကိစ္စကို ပြည့်ဖြိုးအောင်၊ ပိုင်ဇေ၊ ကျော်ကျော်မင်း၊ ယွန်းနဒီ၊ သိင်္ဂီဌေးတို့(၅)ဦးက မကျေနပ်၍ ဖြစ်ပေါ်ခဲ့သည့် ပြဿနာကြောင့် လူသတ်မှု ဖြစ်စဉ်ထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွင် လှိုင်ဇေထွန်းအား ပြည့်ဖြိုးအောင်၊ ပိုင်ဇေ ကျော်ကျော်မင်းတို့ ၃ ဦးက ဝိုင်းရိုက်ကြကာ ယွန်းနဒီနှင့် သိင်္ဂီဌေးတို့ကလည်း ညစ်ညစ်ညမ်းညမ်းဆဲဆိုနေ၍ သက်ဦးဇော်က ဝိုင်းဝန်းဖျန်ဖြေပေးစဥ် ဝိုင်းရိုက်ကြသဖြင့် လက်ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ကျောကုန်းညိုမဲဖူးရောင်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း၊ လှိုင်ဇေထွန်းတွင်လက်ဝဲဘက်နားထင်ဖူးရောင် ဒဏ်ရာ (၁)ချက်နှင့်နှာခေါင်းဖူးရောင်ဒဏ်ရာတို့ရရှိခဲ့ကြောင်း တရားလို မအေးမြတ်မွန်၏ တိုင်တန်းချက်များအရ သိရသည်။
ဖြစ်စဥ်တွင် ကိုယ်တိုင်ပါဝင်၍ အဖြစ်မှန်ကိုမြင်တွေ့သိရှိခဲ့သော်လည်း လှိုင်ဇေထွန်းက ဆေးကုသရန်ပေးငွေ(၇)သိန်းကို လက်ခံရ ယူထားခြင်း၊ လာဘ်ငွေ(၅) သိန်းကို စာချုပ်ချုပ်ဆိုယူဆောင်ထားခြင်းတို့ကြောင့် တရားခွင်အတွင်းအဖြစ်မှန်ကို ဖုံးကွယ်၍ မမှန်မကန် ထွက်ဆိုခဲ့ကြောင်း လှိုင်ဇေထွန်းက ဝန်ခံပြောပြသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၁၂ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်းလည်း သိရသည်။ x1200
2026.6.12 မန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့တဲ့ တရားခံလေးယောက် ဖမ်းဆီးရမိ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းအနီးမှာ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ဆိုင်ကယ်မောင်နှင်လာသူ အမျိုးသားတဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ပြီးထွက်ပြေးသွားတဲ့ တရားခံလေးဦးကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး (ပ)၈၄/၂၀၂၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီးနောက် တရားခံတွေကိုဖမ်းရမိရေးအတွက် မဟာအောင်မြေခရိုင်မူခင်းနှိမ်နင်းရေးအဖွဲ့က ဒုရဲမှူး လွင်အောင် ဦးစီးပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းခဲ့ရာက ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲမှာ ဆိုင်ကယ်လုယူသွားသူတွေထဲက ချမ်းမြသာစည်မြို့နယ် ၄၉ လမ်း နဲ့ ၁၁၆ လမ်းထောင့်က ပုဂံ ဘီယာ ဆိုင်မှာ စားသောက်နေကြောင်း သိရှိခဲ့လို့သွားရောက်ဖမ်းဆီးရာက တရားခံ မျိုးသန့်ဇော်(ခ)သီဟဇော်(ခ) ဒီဒိုင်း၊၂၀နှစ် ကို စတင် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ကွင်းဆက်တရားခံ ဖော်ထုတ်ချက်အရ ည ၈ နာရီအချိန်မှာ အဲ့ဒီ ဘီယာဆိုင်မှာပဲ အောင်သူရကျော်(ခ)ဖိုးချစ်၊၁၉နှစ်၊ ကုလားကြီးခြံကျေးရွာ၊ စိုင်းသူရထွန်း(ခ)ဟုတ်ပ ၂၀နှစ် ရေကြည်ကျေးရွာ၊ စိုင်းဇူးဇူးမောင် ၂၀နှစ် ရေကြည်ကျေးရွာ၊ပုသိမ်ကြီးမြို့နယ် နေသူတို့ ၃ ဦး ထပ်မံဖမ်းဆီး ရမိခဲ့ပြီးစုစုပေါင်း တရားခံ ၄ ဦးကို မှုခင်းဖော်ထုတ်စစ်မေးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၈၄/၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/ ၁၁၄ အမှု အားကျူးလွန်ခဲ့သူတွေအဖြစ် စစ်ဆေးပေါ်ပေါက်သဖြင့်အမှုစစ် ဒုရဲအုပ် ရန်နိုင်ဦးမှတရားစွဲဆိုဖို့ ဆောင်ရွက်ထားတယ်လို့ သသိရပါတယ်။
အမှုဖြစ်စဥ်မှာ ဇွန်လ ၈ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်က အမျိုးသားတဦးက ဆိုင်ကယ်မောင်းလာချိန် အနောက်ကနေ ဆိုင်ကယ်တစီးနဲ့ လုယက်သူနှစ်ဦးက ကပ် လိုက်လာပြီးတော့ ဆိုင်ကယ်စီးသူကို လုယက်မယ့်ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တာကြောင့် အဲ့ဒီဆိုင်ကယ်နဲ့ အမျိုးသားလဲကျသွားချိန်မှာ နောက်ကကပ်ပြီးပါလာတဲ့ နောက်ထပ် လုယက်သူနှစ်ယောက်က လဲကျသွားတဲ့ အမျိုးသားကို လက်နက်နဲ့ ခေါင်းကို ရိုက်နှက်နေတာ တွေရပါတယ်။
အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ အမျိုးသား တဦးထွက်ပြေးချိန်မှာ မျက်နှာချင်းဆိုင်ကနေ ရှေ့က ဆိုင်ကယ်ကို ကန်သွားတဲ့လုယက်သူ နှစ်ယောက်က လမ်းပြောင်းပြန် ပြန်မောင်းလာပြီး ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးခဲ့တာ တွေ့ရပါတယ်။
2026.6.12 ပုသိမ်ကြီးတွင် ခိုးဝှက်လုယက်နေသည့် ပြည်သူ့စစ် ၂ ဦးကို ဖမ်းမိ
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ နေ့စဥ် ခိုးဝှက် လုယက်နေတဲ့ စစ်အာဏာရှင်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ယောက်ကို ဇွန် ၁၀ ရက် ညက ဖမ်းမိခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၀ ရက် ည ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်အဝင် ဆိုင်းဘုတ်အနီးမှာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲကို ဓားထောက်လုယက်ခဲ့ရာမှ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မြို့အဝင်ဆိုင်းဘုတ်နားမှာ အတွဲတတွဲကို ဆိုင်ကယ် ဓားထောက်လုလို့ တိုင်တဲ့သူရှိလို့ အဖမ်းခံရတာ။ တော်ရုံဆို မဖမ်းဘူး။ ဘာလို့လဲဆိုတော့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲပေးနေတဲ့သူလေ။ သူတို့က စစ်တပ်ကို ငွေရှာပေးနေတာ။”
လုယက်ပြီးနောက် ပြည်သူ့စစ် ၂ ယောက်ဟာ ပုသိမ်ကြီးမြို့ပေါ်က ဆီဆိုင်တဆိုင်မှာ လိုင်းကြေးသွားတောင်းပြီး ဆီဖြည့်နေစဥ် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိသူနှစ်ယောက်မှာ ပုသိမ်ကြီးမြို့နယ် မြို့မ ၂ ရပ်ကွက်နေ ဦးမျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦး ဖြစ်ပြီး သူတို့နှစ်ယောက်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ပြည်သူ့စစ်အဖွဲ့ဝင်ကတ်ပြား ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ ဦးမျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦးတို့ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးထားပေမဲ့ အမှုဖွင့် အရေးမယူဘဲ ပြန်လွှတ်ပေးမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခု အောက်တိုဘာ ၂၇ ရက်ကလည်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် အောင်ခန့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပေမဲ့ အခုထိ ဖမ်းဆီးခံရသူ မရှိသေးပါဘူး။
မန္တလေးတိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြည်ခိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ချိန် ၂၀၂၃ ခုနှစ်ကစလို့ မန္တလေးနန်းတွင်း၊ ကျောက်ဆည်တပ်နယ်နဲ့ ပြင်ဦးလွင်တပ်နယ်မှာ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်ခဲ့ပြီး တချို့ကို လက်နက်တပ်ဆင်ထားပါတယ်။
2026.6.11 အမေရိကန်သံတမန် အသတ်ခံရမှုတွင် ထိုင်းအမျိုးသမီးကို လူသတ်မှုဖြင့် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေး
ရန်ကုန်မြို့ Sakura ဟိုတယ်၌ အမေရိကန် သံတမန်တဦး အသတ်ခံရမှုတွင် ထိုင်းအမျိုးသမီးတဦးအား လူသတ်မှု စွဲချက်ဖြင့် ကမာရွတ်မြို့နယ်တရာရုံး၌ ကြာသပတေးနေ့က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့် နီးစပ်သည့် ရှေ့နေနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသည့် အဆိုပါ အမျိုးသမီးကို လူသတ်မှုအပြင်၊ မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများအပေါ် အရေးယူသည့် လဝက (လူဝင်မှုကြီးကြပ်ရေး) ဥပဒေပုဒ်မဖြင့်ပါ တရားစွဲဆိုထားကြောင်း ရှေ့နေတဦးက ပြောသည်။
ကမာရွတ်မြို့နယ်တရားရုံး၏ ပထမဆုံးရုံးချိန်းတွင် အဆိုပါ အမျိုးသမီးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်း ရှိ၊ မရှိ သို့မဟုတ် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေ ပါ၊ မပါ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ၎င်းအနေဖြင့် လူသတ်မှုဖြင့် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှသည် သေဒဏ်အထိ ကျခံရနိုင်ခြေရှိသည်။
မြန်မာစစ်အုပ်စု အာဏာပိုင်များထံမှ နောက်ဆက်တွဲ အကျိုးဆက်များကို ရှောင်ရှားနိုင်ရန်အတွက် အဆိုပါရှေ့နေနှစ်ဦးစလုံးက ၎င်းတို့၏ အမည်ကို ထုတ်ဖော်မပြောဘဲ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သံတမန်ကို မေ ၁၁ ရက် Sakura Residence & Hotel တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေတဦးက ဆိုသည်။
ထို ဟိုတယ်သည် သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသော နိုင်ငံခြားသား ဧည့်သည်များအကြား ရေပန်းစားပြီး အမေရိကန်သံရုံးနှင့် ၁ ဒသမ ၅ ကီလိုမီတာ (တမိုင်ခန့်) ကွာဝေးသည်။ သေဆုံးသူ၏ ဦးခေါင်းနှင့် လည်ပင်းတို့၌ ဓားဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသေဆုံးမှုကို အတည်ပြုခဲ့သော်လည်း သေဆုံးသူသံတမန်၏ အမည်အပါအဝင် အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ရန် ငြင်းဆိုထားသည်။
မြန်မာစစ်အုပ်စုက မီဒီယာများနှင့် စကားပြောဆိုခဲ့ပြီး ယခုအမှုကို စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့၊ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ယူဆရသည့် အကျဉ်းထောင်နှင့် ၎င်းကို ရုံးထုတ်ခဲ့သည့် တရားရုံးတို့ကလည်း တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုကြသည်။
တရားရုံးထုတ်စစ်ဆေးမှုဆီ အမေရိကန် လေ့လာစောင့်ကြည့်သူများ စေလွှတ်ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှ-ပစိဖိတ် မီဒီယာဗဟိုဌာန (Asia Pacific Media Hub) မှ တာဝန်ရှိသူများက မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးသို့သာ လွှဲပြောင်းပေးခဲ့သည်။ သံရုံးဘက်ကမူ ယခုသေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူလ ထုတ်ပြန်ချက်ကိုသာ ထပ်လောင်း ပြောကြားခဲ့ပြီး ကျန်ရှိသည့်မေးခွန်းများကို မြန်မာနိုင်ငံရှိ ဒေသခံအာဏာပိုင်များကိုပဲ မေးမြန်းရန် တုံ့ပြန်ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၎င်းတို့၏ နိုင်ငံသားအမျိုးသမီးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်နေကြောင်း ပြောကြားခဲ့သော်လည်း၊ ကြာသပတေးနေ့ ရုံးချိန်းတွင် ဥပဒေကြောင်းအရ လိုက်ပါကူညီပေးမှု ရှိ၊ မရှိ အချက်အလက်ကိုမူ ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
နောက်ဆက်တွဲမေးခွန်းများကိုလည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ သံရုံးသို့သာ လွှဲပြောင်းပေးခဲ့သော်လည်း ရန်ကုန်ရှိ ထိုင်းသံရုံးက ဖုန်းဖြင့်ဖြေကြားရန် ငြင်းဆိုခဲ့သလို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ x1200

2026.6.11 လမ်းခွဲမည်ပြောသည့် ချစ်သူဖြစ်သူ အထည်ချုပ်စက်ရုံမန်နေဂျာအမျိုးသမီးကို သတ်ဖြတ်လာသော အမျိုးသားက ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား
လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူဖြစ်သည့် မန်နေဂျာအမျိုးသမီးကိုသတ်ဖြတ်လာသည့် အမျိုးသားတစ်ဦးသည် ဆီဒိုးနားဟိုတယ် (၂၉) လွှာမှ ခုန်ချကာ သတ်သေမှု ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ (၅) ရပ်ကွက်၊ ပညာ့ဝတီရိပ်သာလမ်း၊ ဆီဒိုးနား ဟိုတယ်နောက်ဖက်တွင် ရပ်ထားသောကားတစ်စီးပေါ်သို့ ဟိုတယ်ပေါ်မှ လူတစ်ဦးပြုတ်ကျ သေဆုံးကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ ဟိုတယ် (၂၉) လွှာအရေးပေါ်ထွက်ပေါက်၏ တံခါးဘောင်ပေါ်တွင် လက်ကိုင်ဖုန်း ၂ လုံး၊ စာတစ်စောင်၊ ကားမောင်းလိုင်စင်တစ်ခုတွေ့ရပြီး စာထဲတွင် “လေးစားရပါသော ရဲအရာရှိများခင်ဗျား။ ကျွန်တော်ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်တာပါ။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block (၂၀)၊ ခြံနံပါတ် (၃) အိမ်မှာ ချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားဆယ်ပေးပါ။ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ။ ကမ္ဘာသိ၊ ပတ်ဝန်းကျင်သိပြီးမှ သူက လမ်းခွဲဖို့ပြောလို့ စိတ်မထိန်းနိုင်ဘဲ သတ်မိတာပါ။ သူမနဲ့အတူ သေဖို့ အပေါ်ထပ်အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကို တောင်းပန်ပါတယ်၊ နောင်တများစွာနဲ့” ဟုရေးသားထားသည်ဟု NOM က ဖော်ပြသည်။
ဆီဒိုးနားဟိုတယ်ပေါ်မှ ပညာ့၀တီရိပ်သာလမ်းပေါ်ရှိ Honda Airwave ယာဉ်ပေါ် ပြုတ်ကျသည့် ကိုတင်စိုး (ခ) လီချိန်ကျိုဆိုသူမှာ ဦးခေါင်းပွင့်ထွက်ကာ ဦးနှောက်ထွက်၊ ညာလက်မောင်းပြုတ်၊ လက်ချောင်းများနှင့် ဝဲယာခြေထောက်များ ကျိုးကြေကာ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာများစွာဖြင့် အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မိုးစေတနာပရဟိတအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ကလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

2026.6.11 မလေးရှားတွင် တောရိုင်းတိရစ္ဆာန် အမဲလိုက်မှုဖြင့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ကွာလာခရိုင် (Kuala Krai) မြို့နယ်ရှိ Kampung Mia ကျေးရွာအနီး ဒူးရင်းခြံတစ်ခုအတွင်း တရားမဝင် အမဲလိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို နှိမ်နင်းသည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂ ဦး ပါဝင်ပြီး ကလေးငယ် ယောကျ်ားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးကိုလည်း အဖွဲ့နဲ့အတူ တွေ့ရှိခဲ့တယ်လို့ ကွာလာခရိုင် ရဲတပ်ဖွဲ့မှူး မက်ဇ်လန် မာမတ် (Mazlan Mamat) က ပြောကြားပါတယ်။
ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အပေါ် အခြေခံပြီး ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်ဌာန (Perhilitan) တို့က ဇွန်လ ၁၀ ရက်နေ့ သန်းခေါင်ယံမှ နံနက် ၆ နာရီအထိ “Op Bersepadu/Op Khazanah” အမည်ရှိ ပူးပေါင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးကို Kampung Mia ကျေးရွာရှိ ၂၄ ဟက်တာကျယ်ဝန်းတဲ့ ဒူးရင်းစိုက်ခင်းတစ်ခုအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး တရားမဝင် အမဲလိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ လေသေနတ်တစ်လက်နဲ့ လှံနှစ်ချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ဆေးမှုအတွင်း တောရိုင်းတိရစ္ဆာန်တွေရဲ့ လက်သည်းဟု ယူဆရတဲ့ အစိတ်အပိုင်း ၆ ခု၊ အစွယ်ဟု ယူဆရတဲ့ အပိုင်း ၁၂ ခု၊ အရိုး ၇ ခု၊ တိရစ္ဆာန်ခန္ဓာကိုယ် အစိတ်အပိုင်းဟု ယူဆရတဲ့ ပစ္စည်း ၆ ခုနဲ့ တောရိုင်းတိရစ္ဆာန်အသားဟု ယူဆရတဲ့ အသားများ ထည့်သွင်းထားတဲ့ ကွန်တိန်နာတစ်လုံးကိုလည်း တွေ့ရှိခဲ့ပါတယ်။
“စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိ၊ မရှိကို အသေးစိတ် စုံစမ်းနေပါတယ်” လို့ မက်ဇ်လန် မာမတ်က ပြောပါတယ်။
လက်ရှိမှာ အဆိုပါအမှုကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ၁၉၆၀ ခုနှစ် လက်နက်ဥပဒေ၊ ၁၉၅၈ ခုနှစ် အမှတ်တံဆိပ်နှင့် အမည်များ အလွဲသုံးစားပြုမှု တားဆီးရေးဥပဒေနဲ့ ၂၀၁၀ ခုနှစ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေ (Act 716) တို့အရ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သတိပေးထားပြီး နိုင်ငံရဲ့ သဘာဝအမွေအနှစ်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်နိုင်ရေးအတွက် သတင်းအချက်အလက်တွေ ဆက်လက်ပေးပို့ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

2026.6.6 တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁)၊ ပန်းတင်လမ်းမကြီးပေါ်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေ ရဲစခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မေ ၃ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်တွင် နေအိမ်ရှိ ရွှေလက်ဝတ်ရတနာများနှင့် နာရီလေးလုံး၊ ဆိုင်ကယ်စီးဦးထုပ်တစ်လုံး၊ Samsaung S21 Ultra အမျိုးအစား ဖုန်းတစ်လုံး၊ I Phone 8 plus တစ်လုံးတို့ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အမှုစစ်အရာရှိ ဒုရဲအုပ် နောင်နောင်သည် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဌေး‌ရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းတို့၏ ကွပ်ကဲမှု၊ စခန်းမှူး ဒုရဲမှူး မျိုးကျော်သူ၏ အနီးကပ်ကြပ်မတ်မှုဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ ရဲနောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တရားခံ ရဲနောင်ကို စစ်မေးချက်အရ နောက်ထပ်ကျူးလွန်သူတစ်ဦး ဖြစ်သော ဇော်ပိုင်ကို ထပ်မံဖမ်းဆီးရမိခဲ့ကာ ခိုးရာပါပစ္စည်းများကို လိုက်လံသိမ်းဆည်းရမိကြောင်း သိရသည်။
တရားခံ ရဲနောင်နှင့် ဇော်ပိုင်တို့ နှစ်ဦးအား တောင်ကြီးမြို့နယ်တရားသူကြီး၏ ချုပ်မိန့်ရီမန်ရယူပြီး စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးနှင့် နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့သည် အေးသာယာမြို့၊ အဝေးပြေးကားဂိတ်အနီးရှိ “ဟိန်း”အမည်ရှိ ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၎င်းတို့ လေးဦးသည် အခင်းဖြစ်နေအိမ်မှ သက်သေခံပစ္စည်းများ ခိုးယူခဲ့ပြီးနောက် လူစုခွဲ၍ ပြန်ခဲ့ကြောင်း၊ ရဲနောင်နှင့် ဇော်ပိုင်တို့ နှစ်ဦးသည် ၎င်းတို့ခွဲတမ်းအဖြစ် ရရှိသည့် ၁၄ ပဲရည် အလေးချိန် ၁ ပဲ ၄ ရွေးခန့်ရှိ ရွှေလက်စွပ်တစ်ကွင်း၊ ၁၅ ပဲရည် အလေးချိန် ၂ ပဲ ၄ ရွေးခန့် ရှိသော ရွှေနားကွင်းတစ်ရံ၊ ၁၅ ပဲရည် အလေးချိန် ၂ ပဲ ၄ ရွေးခန့်ရှိ ရွှေလက်စွပ်တစ်ကွင်းတို့အား ရွှေညောင်မြို့၊ လမ်းဆုံမီးပွိုင့်အနီးရှိ ရွှေပြည့်အောင် ရွှေပန်းတိမ်ဆိုင်တွင် ရောင်းချခဲ့ကြောင်း အစစ်ခံထွက်ဆိုသဖြင့် ၅-၆-၂၀၂၆ ရက် ၁၀၃၀ အချိန်တွင် ဒုရဲအုပ်နောင်နောင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ တရားခံ ရဲနောင်၊ ဇော်ပိုင်တို့ နှစ်ဦးအား ခေါ်ဆောင်၍ ရွှေညောင်မြို့ရှိ ရွှေပြည့်အောင် ပန်းတိမ်ဆိုင်သို့ သွားရောက်ကာ သက်သေခံရွှေထည်ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ကျန်ရှိသူနှစ်ဦးမှာ မိတ္တီလာမြို့နေသူတို့ ဖြစ်ကြောင်း သိရှိရသည့်အတွက် တရားခံများအား ဖမ်းဆီးရမိရေးအတွက် အခြားရဲစခန်းများသို့ ပြစ်မှု ၂၈/ ရဲ ၆၂ ပုံစံများ ပေးပို့ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အမှုမှ တရားလို၏ ထွက်ဆိုချက်အရလည်းကောင်း၊ တရားခံ ရဲနောင်၏ ဝန်ခံထွက်ဆိုချက်များအရလည်းကောင်း၊ တရားခံ ဇော်ပိုင်၏ ဝန်ခံထွက်ဆိုချက်အရလည်းကောင်း တရားခံ ရဲနောင်၊ ဇော်ပိုင်၊ ဖမ်းဆီးရန်ကျန်ရှိသော တရားခံ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့ လေးဦးသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁)၊ ပန်းတင်လမ်းမကြီးပေါ်ရှိ တံခါးပိတ်ထားသည့် နေအိမ်မှ ရွှေထည်ပစ္စည်းများ၊ ဖုန်းနှစ်လုံး၊ နာရီသုံးလုံး၊ ဆိုင်ကယ်ဦးထုပ်တစ်လုံးတို့အား ခိုးယူခဲ့ပြီး ခွဲဝေယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆိုပါ ကျူးလွန်သူ နှစ်ဦးကို တောင်ကြီးနယ်မြေရဲစခန်း တွင် (ပ) ၇၁/ ၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အမှုမှ ဖမ်းဆီးရန်ကျန်ရှိသော တရားခံ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့ နှစ်ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ သိမ်းဆည်းရန် ကျန်ရှိသော သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ဆက်တွဲအမှုများ ဖော်ထုတ်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်းနှင့် တရားခံများအား ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ နယ်မြေ ရဲစခန်းထံမှ သိရသည်။

2026.6.2 အိမ်မဲမြို့နယ်၌ ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးက အဓမ္မပြုကျင့်
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အင်းတမိ သက္ကယ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဓမ္မပြုကျင့်ခံရသူမှာ အင်းတမိ သက္ကယ်ကျေးရွာက ဒေါ်အေးမြစိုးရဲ့သမီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အတူနေ ပထွေးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဇော်နန်းဌေး (ခ) ကုလားလေးက မနှစ် ဒီဇင်ဘာလဝန်းကျင်က အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။
မိန်းကလေးဟာ ပထွေးဖြစ်သူက မိခင် မရှိချိန်တိုင်း ၅ ကြိမ်ထက်မနည်း မုဒိမ်းပြုကျင့်ခံရပြီး ကိုယ်ဝန်ရင့်လာချိန် မေလတတိယအပတ်ထဲမှာ အဒေါ်ဖြစ်သူက မေးမြန်းရာက စတင်သိရှိခဲ့ကာ ဇွန် ၁ ရက်က အိမ်မဲမြို့နယ်ရဲစခန်းမှာ အဒေါ်ဖြစ်သူက တိုင်ကြားထားတယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဗိုက်က တနေ့တခြား ပူလာတယ်။ ကိုယ်ဝန်က ရင့်လာတာ။ ဒါကို အဒေါ်က သတိထားမိ သိသွားတာ။ တူမလေးကို မေးကြည့်တော့ ပထွေးဖြစ်သူ က ခြိမ်းခြောက်ပြုကျင့်တာကို သိသွားတာ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လက်ရှိ ကိုယ်ဝန် ၅ လ ဆောင်ထားရပြီး ကျူးလွန်သူ ဇော်နန်းဌေး (ခ) ကုလားလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

2026.6.1 ရွှေဘိုတွင် စစ်မှုထမ်းတပ်သား ၁ ဦးကို မိသားစုနှင့်အတူ ဖမ်းဆီးရမိပြီး ဖောင်းပြင်တွင် SNA ရဲဘော် ၃ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်တပ်လက်အောက်ခံ စစ်မှုထမ်းတပ်သား ၁ ဦးကို မိသားစုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖောင်းပြင်မြို့တွင်လည်း စစ်ကောင်စီ၏ ကွပ်ကဲမှုအောက်ရှိ SNA ရဲဘော် ၃ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့တာဝန်ရှိသူများ၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် ရွှေဘိုမြို့မှ မန္တလေးမြို့သို့ သွားရောက်သည့် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သား သိန်းဇော်နှင့် ၎င်း၏ မိသားစုဝင်များကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးရမိပြီးနောက် တရားဝင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်မှုထမ်းတပ်သား သိန်းဇော်၏ မိသားစုဝင်များကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။
စစ်မှုထမ်းတပ်သား သိန်းဇော်ကိုမူ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ရွှေဘိုခရိုင် အမှတ် ၁ တပ်ရင်းထံသို့ စနစ်တကျ လွှဲပြောင်းပေးပို့ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ သတင်းပေးပို့မှုအရ သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့အနီး အခြေစိုက်သည့် စစ်ကောင်စီတပ်ရင်း ၃၆၈ လက်အောက်ခံ ကွပ်ကဲမှုအောက်တွင်ရှိသော SNA တပ်မဟာ ၇၅၃ မှ SNA ရဲဘော် ၃ ဦးသည်လည်း သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ SNA ရဲဘော် ၃ ဦးသည် ပြီးခဲ့သည့် မေလ ၁၈ ရက်နှင့် မေလ ၂၀ ရက်နေ့များတွင် မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းထံသို့ ဆက်သွယ်ကာ လက်နက်မပါဘဲ အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။
အလင်းဝင်ရောက်လာသူများ၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်များ၏ ခွဲခြားဆက်ဆံမှု၊ ပြည်သူ့စစ်များ၏ အနိုင်ကျင့်မှုနှင့် အထက်အဆင့်ဆင့်မှ လူကြီးများက ရှမ်းနီအမျိုးသားရေးကို အကြောင်းပြကာ ၎င်းတို့၏ စီးပွားရေးနှင့် အာဏာပြရန်အတွက်သာ ခိုင်းစေနေခြင်းကြောင့် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီက ရှမ်းနီနယ်မြေ ပေးမည်ဟု ပြောဆိုထားသော်လည်း ဖောင်းပြင်မြို့အတွင်းသို့ပင် လွတ်လပ်စွာ သွားလာခွင့်မပေးဘဲ ကန့်သတ်ထားခြင်းနှင့် တရားဥပဒေမဲ့ အလုပ်များကို အဓမ္မခိုင်းစေခြင်းတို့ကြောင့် တော်လှန်ရေး ပြည်သူများနှင့်အတူ ရပ်တည်ကာ လူ့အခွင့်အရေး ရရှိရန် ကြိုးစားလိုခြင်းကြောင့် အလင်းဝင်လာခြင်း ဖြစ်ကြောင်း ထွက်ဆိုထားသည်။
မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက “သူတို့ဘာသာသူတို့ ဖောက်ထွက်ဝင်ရောက်လာတာလည်း ရှိတယ်။ ချိတ်ဆက်ဝင်ရောက်လာတာလည်း ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးက သေနတ်မပါဘူး။ ပါရင် ကျန်ရစ်သူမိသားစုတွေကို ဒုက္ခပေးမှာ ကြောက်လို့ထင်တယ်။ သူတို့က မြို့ပေါ်ကလူတွေ၊ သူတို့ထိန်းချုပ်နယ်မြေထဲကလူတွေ။ အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ကတော့ စဉ်းစားဆဲပဲ၊ လက်နက်မပါလာလို့လေ။ လက်ရှိမှာ သူတို့ နေချင်တဲ့ ရပ်ရွာတွေမှာ အေးဆေးလုပ်ကိုင်စားသောက်နေနိုင်ဖို့ စီစဉ်ပေးထားပြီး လုံခြုံရေးအရ လအကန့်အသတ်နဲ့ ဆက်သွယ်ရေးမသုံးခိုင်းတာ အဲလောက်ပါပဲ။ အစိုးရရဲ့ ပြည်သူ့ရင်ခွင်ဌာနက ကောင်းကောင်း မထိန်းသိမ်းနိုင်သေးတော့ ကိုယ်နယ်မြေမှာပဲ သူတို့အဆင်ပြေအောင် ကြံဖန်ထားရတာပဲ”ဟု ပြောဆိုသည်။
လက်ရှိတွင် အဆိုပါ ရဲဘော်များသည် ၎င်းတို့ နေထိုင်လိုသည့် ဒေသများတွင် အေးချမ်းစွာ နေထိုင်လျက်ရှိပြီး တော်လှန်ရေးလုပ်ငန်းများကို တတ်နိုင်သရွေ့ ကူညီလုပ်ကိုင်ပေးနေကြောင်း သိရသည်။ ထပ်မံ၍ ပူးပေါင်းလိုသူများရှိပါက မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သို့ ဆက်သွယ်နိုင်ကြောင်း နှိုးဆော်ထားသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ မှတ်တမ်းကောက်ယူချက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ၂၀၂၆ ခုနှစ် မေလ တတိယပတ်အထိ မြန်မာတစ်နိုင်ငံလုံးတွင် အလင်းဝင်ပူးပေါင်းလာသူများ၊ လက်နက်ချသူများနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃,၁၅၁ ဦးအထိ ရှိခဲ့ကြောင်း သိရသဖြင့် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များအတွင်းမှ ထွက်ခွာလာမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။
2026.5.31 နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ခန့် သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနနှင့် SSPP တပ်ဖွဲ့တို့ထံမှ သိရသည်။
ယနေ့မေလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် PSLF/ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သို လှောင်ထားသော ယမ်းပျော့များ မတော် တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသနေပြည်သူ ၂၀ ဦး ထက်မနည်း သေဆုံးမှုရှိပြီး ရာနှင့်ချီ ဒေသခံပြည်သူများ ထိခိုက်ရာရရှိကာ နေအိမ်အများအပြား လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုနေရာရှိ သေဆုံးပြည်သူများ၊ ဒဏ်ရာရရှိသူများကို ရှာဖွေကယ်လျက်ရှိရာ သေဆုံး သူများ ထပ်မံတိုးမြှင့်လာဖွယ်ရှိကြောင်း၊ ကယ်ထုတ်ယူရရှိသော ဒဏ်ရာရ ပြည်သူများကို နမ့်ခမ်းမြို့ ဆေးရုံသို့ ပို့ဆောင်ထားကာ အရေးပေါ်သွေးများလည်း လိုအပ်နေကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်း များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများ ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ် တူ ထပ်မျှ စာနာဝမ်းနည်းပါကြောင်း ပြောဆိုထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်း စစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PSLF/TNLA အသိပေးထားသည်။ x1200

2026.5.27 ငါန်းဇွန်မြို့နယ်၌ တောင်သူ လင်မယား ၂ ဦး ဓားပြတိုက်အသတ်ခံရ
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သူနတ်စစ်အုပ်စု ရွာသစ်ကုန်းကျေးရွာ၊ သမန်းတောတိုက် နေထိုင်ကြတဲ့ လင်မယား ၂ ယောက်ကို မေ ၂၇ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်အဖွဲ့တွေဆီက သိရပါတယ်။
အသတ်ခံရတဲ့ ဇနီးမောင်နှံဟာ တောင်သူလယ်သမားတွေ ဖြစ်သလို ဘိုးစဉ်ဘောင်ဆက် ကတည်းက ငွေကြေးပြည့်စုံသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွာသားတယောက်က “အခု သေဆုံးတဲ့ သူတွေက ပိုက်ဆံရှိတယ်။ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ဓားပြ ဝင်တိုက်ပြီး သတ်သွားတာ။ ဦးထွန်းမြင့် ၄၀ ကျော်၊ ဒေါ်တင်ခိုင် ၄၀ ကျော်ပါဗျ” လို့ ပြောပါတယ်။
အခုလို ဓားပြတိုက်အသတ်ခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာ ပကဖတာဝန်ရှိသူတွေကို အကြောင်းကြား တိုင်ကြားထားတယ်လို့ သိရပါတယ်။
ရပ်ကျေးပကဖအဖွဲ့ တာဝန်ရှိသူတယောက်က “ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာကတော့ ခရိုင်ပကဖက စစ်ဆေးရင် တရက်တောင်မကြာပါဘူး မိပါလိမ်မယ်။ အသတ်ခံရသူရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင် တယောက်ကို မေးကြည့်တာကတော့ ဆွဲကြိုးအကြီး ၂ ကုံး၊ အသေး ၅ ကုံး၊ လက်စွပ် ၅ ကွင်း၊ လက်ကောက် ၄ ကွင်း၊ မြေဝယ်စာချုပ်နဲ့ ဆိုင်ကယ်တစီး ယူသွားကြတယ်လို့ ပြောတယ်။ အရေးယူ ဆောင်ရွက်မှုတွေကတော့ ခရိုင်ပကဖနဲ့ ပအဖ အပေါ်မှာပဲ မူတည်လိမ့်မယ်” လို့ ပြောပါတယ်။
သတ်ဖြတ်သွားတဲ့ လက်နက်ကိုင်အဖွဲ့ကို ဒေသခံအရပ်သားတွေက အသက်အန္တရာယ်အရ ထုတ်ဖော် ပြောရဲခြင်း မရှိကြသလို DVB အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တရားဥပဒေမဲ့ သတ်ဖြတ်သွားသူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဒေသခံရွာသားတွေက လိုလားနေကြပါတယ်။

2026.5.27 တရုတ်ပြည်မအထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ပြန်လည် လွတ်မြောက်လာ
မဲခေါင်၊ မေ ၂၇ တရုတ်ပြည်မ အတွင်းပိုင်း ဟူနန်ပြည်နယ်အထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ယမန်နေ့က ပြန်လည် လွတ်မြောက်လာကာ မူဆယ်သို့ရောက်ရှိလာကြောင်း ကာယကံရှင်နှင့် မိသားစုထံမှ သိရသည်။ ယင်းမိန်းကလေးငယ်မှာ မင်းဘူးမြို့နယ်၊ ရွှေမင်္ဂလာရပ်ကွက်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် မသက်နှင်းဦး ဆိုသူဖြစ်ပြီး ယမန်နေ့ မေ ၂၆ ရက်က တရုတ်ပြည်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ “ သမီးက လေယာဥ်နှစ်ဆင့် စီးရတယ်။ အဲကမှကားနဲ့ ရွှေလီရောက်ပြီး၊ မူဆယ်ကိုပို့တယ်။ မူဆယ်လူကုန်တားက သမီးအကြောင်းတွေ မေးတယ်။ သူတို့က အိမ်ကိုလိုက်ပို့မယ် ပြောတယ်” ဟု လူကုန်ကူးခံရသူအမျိုးသမီးက ပြောသည်။
တရုတ်ပြည်မ အတွင်းပိုင်း ဟူနန်ပြည်နယ်အထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ယမန်နေ့က ပြန်လည် လွတ်မြောက်လာကာ မူဆယ်သို့ရောက်ရှိလာကြောင်း ကာယကံရှင်နှင့် မိသားစုထံမှ သိရသည်။
ယင်းမိန်းကလေးငယ်မှာ မင်းဘူးမြို့နယ်၊ ရွှေမင်္ဂလာရပ်ကွက်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် မသက်နှင်းဦး ဆိုသူဖြစ်ပြီး ယမန်နေ့ မေ ၂၆ ရက်က တရုတ်ပြည်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ သမီးက လေယာဥ်နှစ်ဆင့် စီးရတယ်။ အဲကမှကားနဲ့ ရွှေလီရောက်ပြီး၊ မူဆယ်ကိုပို့တယ်။ မူဆယ်လူကုန်တားက သမီးအကြောင်းတွေ မေးတယ်။ သူတို့က အိမ်ကိုလိုက်ပို့မယ် ပြောတယ်” ဟု လူကုန်ကူးခံရသူအမျိုးသမီးက ပြောသည်။
၎င်းသည် မူဆယ်မှ ဟူနန်ပြည်နယ်မှ ရှောရန် ဆိုသည့် မိုင်ပေါင်း ၁၄၀၀ ကျော်ဝေးသော မြို့ငယ်လေးအထိ တရုတ်မယားအဖြစ် လိမ်လည် ရောင်းစားခံခဲ့ရခြင်း ဖြစ်သည်။
၎င်းဒုက္ခရောက်နေသည်ကို ရွှေလီရှိ မြန်မာနိုင်ငံသားစာရေးဆရာတစ်ဦးထံ ဆက်သွယ် အကူအညီတောင်းခံရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် မဲခေါင်သတင်းဌာနဖြင့် အဆက်အသွယ်ရပြီး မဲခေါင်မှ ဆက်သွယ်မှုဖြင့် မိသားစုများ၊ လူမှုကူညီသူများ၊ လူကုန်တားရဲတပ်ဖွဲ့များ ပူးပေါင်း၍ အမျိုးသမီးငယ် လွတ်မြောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
လူကုန်ကူးခံရသူ မသက်နှင်းဦး၏ ဖြစ်စဥ်မှာယမန်နှစ် ဇူလိုင်လ ၅ ရက်က တစ်မြို့တည်းနေမသက်ဖူးဝေ (ခ) မီးမီးဆိုသူက ပတ်စပို့၊ ဗီဇာမလိုဘဲ တရုတ်နိုင်ငံတွင် လစာကောင်းသော အလုပ်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေး ခေါ်ဆောင်ခံခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် ၂၀၂၅၊ သြဂုတ် ၁၁ ရက်တွင် မသက်ဖူးဝေ၏ ချိတ်ဆက်မှုဖြင့် မင်းဘူးမှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ လားရှိုး၊ လားရှိုးမှ မူဆယ်သို့ ရောက်ရှိကာ မူဆယ်တွင် အဖမ်းအဆီးများ၍ ပြင်ဦးလွင်သို့ သွားရောက်ကာ ၎င်းနောက် လားရှိုးမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ အဆင့်ဆင့် ကားဖြင့် ခေါ်ဆောင်သွားခံခဲ့ရကြောင်း သိရသည်။
၎င်းနှင့်အတူ အလုပ်လုပ်ရန် လိုက်ပါလာသော မိန်းကလေး ၁၂ ဦးနှင့် ယောင်္ကျားလေး တစ်ဦးတို့အတူ ပါရှိခဲ့သည်ဟု ပြောသည်။
လားရှိုးမှတစ်ဆင့် တရုတ်ပြည်မကြီးဘက်သို့ လူကုန်သည် သက်ဖူးဝေ၏ အပေါင်းအပါများက လာရောက်၍ တရုတ်ပြည်မကြီး ဟူနန်သို့ ခေါ်ဆောင်သွားခံရပြိး သြဂုတ် ၇ ရက် ညပိုင်းတွင် ရောက်ရှိသောအခါ သက်ဖူးဝေက နှစ်ပတ်ကြာရင် အလုပ်ဆင်းရမည်ဟုဆိုကာ ဟူနန်ရှိ လူတစ်ဦး၏ အိမ်တွင် ခေတ္တ နေထိုင်စေသည်ဟု ဆိုသည်။
၎င်းကို အလုပ်ရမည်ဟု ပြောသည့်အချိန်တွင် မသက်ဖူးဝေ ခေါ်ဆောင်ရာနောက် လိုက်သွားပြီးနောက် ရောက်ရှိသည့်နေရာတွင် တရုတ်နယ်မြေခံရဲ တစ်ဦး၊ မသက်ဖူးဝေခင်ပွန်းနှင့် တရုတ်လူမျိုးပွဲစား ၅ ယောက်လည်း ရှိနေခဲ့သည်ဟု ဆိုသည်။
ထိုအချိန်မှစ၍ တရုတ်မယားအဖြစ် အမည်မသိ တရုတ်လူမျိုး တစ်ယောက်နှင့် လက်ထပ်နေထိုင်ရန် အတွင်းအပြင် ဖိအားပေး စေခိုင်းခဲ့သည်ကို ငြင်းဆိုခဲ့သော်လည်း သက်ဖူးဝေက မသက်နှင်းဦး ဖုန်းကို သိမ်းယူသွားပြီး တစ်ခြားသူများနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟု ဆိုသည်။
လူကုန်ကူးသူက မသက်နှင်းဦး၏ မိဘများထံ လစဉ် ငွေကြေးများ Kpay မှတစ်ဆင့် ပို့ဆောင်နေခဲ့သည်ဟု ဆိုသည်။
မိဘများနှင့် ဆက်သွယ်ရန် ဇန်နဝါရီ ၆ ရက်တွင် ဖုန်းပေးပြောခိုင်းစဥ် မိဘများက ကျန်းမာစွာ အလုပ်လုပ်နေလားဟု မေးမြန်းသောအခါ အထည်ချုပ် စက်ရုံတွင် အဆင်ပြေပြေ လုပ်ကိုင်နေသည်ဟု ဆိုကာ မိဘများထံ ၎င်း၏လုပ်အားခ ၂ လစာ ဟုဆိုကာ ငွေကျပ် ၁၄ သိန်းတိတိ ပေးအပ်ခဲ့ကြောင်း သိရသည်ဟု ဆိုသည်။
မသက်နှင်းဦးအား အလိုမတူဘဲနှင့် အမည်မသိ တရုတ်အမျိုးသားက ကာမဆက်ဆံခဲ့သည်ဟု ဆိုသည်။
မသက်နှင်းဦးနှင့် အတူပါလာသည့် မြန်မာအမျိုးသမီး ၁၂ ယောက်ထဲမှ အသက်မပြည့်သေးသည့် ၃ ဦးသည်လည်း တရုတ်ဇနီးမယားအဖြစ် အဓမ္မ စေခိုင်းခံရမည်ဟု သိရှိသောအခါ အိမ်မှ ထွက်ပြေးခဲ့ရာ ပြန်ဖမ်းမိသဖြင့် ထိုအမျိုးသမီး ၃ ဦးကို လက်စဖျောက်သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်ကို ကြားခဲ့ရကြောင်း ၎င်းက ပြောသည်။
ယခုကိစ္စများကို မိဘများ၊ တခြားသူများနှင့် ဌာနဆိုင်ရာများကို တိုင်ကြားပါက မြန်မာနိုင်ငံသို့ လုံးဝပြန်ပို့မည် မဟုတ်ဘဲ သတ်ပစ်မည်ဟု လူကုန်ကူးသူ မသက်ဖူးဝေက ခြိမ်းခြောက်ထားကြောင်း ဆိုသည်။
“ ကျမကို ကလေးမွေးပြီးမှ ပြန်လွှတ်မယ် ပြောတယ်။ ၅ ထပ်တိုက်က အခန်းမှာ သော့ခတ်ပိတ်လှောင်ထားတာ၊ အစာလည်းဝအောင်မစားရဘူး။ သူတို့အလိုလိုက်မှ လွှတ်ပေးမယ်။ ထွက်ပြေးရင် သတ်ပစ်မယ် ခြိမ်းခြောက်ထားတယ်၊မဲခေါင်သတင်းက ဦးလေးက ရအောင်ထွက်ပြေးပြီး အနီးဆုံး ရဲစခန်းမှာ အဖမ်းခံပါပြောလို့ ကျမ အခွင့်သာတာနဲ့ ပြေးပြီး ရှောရန်ရဲစခန်းမှာ အဖမ်းခံတာ၊ မိသားစုနဲ့ အဆက်အသွယ်ရပြီး လိုက်လာပေမယ့် မတွေ့ရဘူး။ ကျမမသိဘဲ အိမ်ကိုငွေ့ပို့တာ၊ အလိုမတူပေမယ့် ငွေယူထားလို့ဆိုပြီး ထောင် ၂ လ ချတာ ခုပြန်လွတ်လာတာ” ဟု မသက်နှင်းအေးက ဆိုသည်။
၎င်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်က တရုတ်ရဲစခန်း၌ အဖမ်းခံခဲ့ပြီး ယခု မေ ၂၄ ရက်က ပြန်လည် လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ သူ့ကို ရောင်းစားတဲ့ ပွဲစားမက အဖမ်းခံရမှာစိုးလို့ ဒီဖက်ထဲနေရင် မလွတ်မှန်းသိလို့ PDFနယ် ထဲသွားပုန်းနေတာ။ လူပွဲစားမှန်းသိလို့ ဟိုဘက်ကိုယ်တိုင်က ဖမ်းပြီးလွှဲပေးတာ၊ အခု မင်းဘူး အချုပ်မှာ။ကလေးမ ပြန်ရောက်တာနဲ့ အမှုစစ်တော့မယ်လို့ သိရတယ်” ဟု မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် အသက်၁၅ နှစ်ပင် ရှိသေးသည့် ပဲခူးမှအမျိုးသမီးငယ်တစ်ဦးကို အစ်မအရင်း ကိုယ်တိုင်က ယွမ် ၁၃ သိန်းဖြင့် တရုတ်မယားအဖြစ်ရောင်းစားသည်ကို တရုတ်ရဲမှ ဖမ်းမိသဖြင့် ထောင်၂ လ ချပြီး ပြန်လွှတ်ပေးမှု ရှိခဲ့သေးသည်။

2026.5.25 ဆိုင်ကယ်ဖြင့်လိုက်ပါလာသော မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားမောင်းနှင်လာသော မော်တော်ယာဥ် ဝင်တိုက်ရာမှ ဒဏ်ရာရ သေဆုံးမှု ထိုင်းနိုင်ငံ လယောင်မြို့တွင် ဖြစ်ပွား
ထိုင်းနိုင်ငံ၊ လယောင်မြို့တွင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဆိုင်ကယ်နှင့် လိုက်ပါလာစဥ် ထိုင်းနိုင်ငံသားမောင်းနှင်လာသော မော်တော်ယာဥ်က ဝင်တိုက်ရာမှ ယာဥ်တိုက်မှုဖြစ်အပြီး သုံးရက်အကြာ မေလ ၂၃ ရက်တွင် သေဆုံးသွားခဲဲဲ့ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့် အလုပ်သမားမဟာမိတ်အဖွဲ့ WAG ထံမှ သိရသည်။
လယောင်မြို့ ဇွန်း၊ ခက်ရင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား အသက် ၃၂ နှစ်အရွယ် မခင်မြနိုင်ဦးမှာ စက်ရုံမှ ညဆိုင်းလုပ်ကိုင်ပြီး အိမ်အပြန် မေလ ၂၀ ရက် နံနက်ပိုင်းက ၎င်း၏ သူငယ်ချင်းဆိုင်ကယ်နှင့် နောက်မှ စီးနင်းလိုက်ပါခဲ့ရာ လမ်းခုလတ်၌ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့ရာ ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သော မြန်မာအလုပ်သမား အမျိုးသမီးကို လယောင်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သော်လည်း ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပွားပြီး မေလ ၂၃ ရက် နံနက် ၆ နာရီတွင် သေဆုံးခဲ့သည်။
သေဆုံးသူ မခင်မြနိုင်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီး၏မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီး နစ်နာကြေး ရရှိရန် လုပ်ဆောင်ရသည်များကို မသိရှိသောကြောင့် အကူအညီတောင်းခံသဖြင့် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)ထံမှ သိရသည်။
2026.5.23 ပျဉ်းမနားမြို့နယ် “PNPT ကလေးအားကစားကွင်း”အနီးတွင် ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချ
ပျဉ်းမနားမြို့နယ် “PNPT ကလေးအားကစားကွင်း”အနီးတွင် ၂၀၂၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် ပျဉ်းမနားခရိုင်တရားရုံးက မေ ၂၁ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူ တရားခံ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ နှစ်ဦးအပေါ် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ဂ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူ နှစ်ဦးနှင့် သတ်ဖြတ်ခံရသူ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁)ရပ်ကွက်နေ ကိုကျော်ဇင်မိုး(၃၄) နှစ်တို့မှာ ခင်မင်ရင်းနှီးသူများဖြစ်ပြီး PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်၌ ကိုကျော်ဇင်မိုးနှင့် တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ ၎င်းအား သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့အား လုယက်ယူဆောင်ခဲ့ကြောင်း ကျူးလွန်သူများ၏ ထွက်ဆိုချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ရွာကောက်နယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁) ရပ်ကွက်နေ ကိုကျော်ဇင်မိုး (၃၄) နှစ်ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၆ ရက်၊ ည ၈ နာရီခွဲခန့်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ ၄၇ယ/၃၂၁၉၃ နံပါတ်ပါ Scoppy အမျိုးအစားဆိုင်ကယ် ၁ စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီး၊ Infinix အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်ပါ ပိုက်ဆံအိတ် ၁ လုံး၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ စမတ်ကတ်တို့နှင့်အတူ ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များနှင့် အခင်းဖြစ်ရပ်အထောက်အထားများအရ ဇန်နဝါရီ ၁၂ ရက်၊ညပိုင်းတွင် ပျဉ်းမနားမြို့နယ်နေ တရားခံ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ကို ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစား ဆိုင်ကယ် ၁ စီးနှင့် Infinix အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်ကို တစ်နှစ်ကျော်စစ်ဆေးအပြီး ပြစ်မှုထင်ရှားသဖြင့် ကျူးလွန်သူ ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

2026.5.7 တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး
တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ရှမ်းပြည်အရှေ့ပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။
တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ရှင်အောင်မျိုးသူကို တုံတာနယ်မြေရဲစခန်းတွင် မေ ၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Peter Cocktail ဆိုင်မှ ဆိုင်ရှင်ဖြစ်သူသည် ဝန်ထမ်းအမျိုးသမီးငယ်ကို ဦးနှောက်သွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်စဉ် ဖြစ်ပွားပြီး မေ ၅ ရက် မနက်ပိုင်း ၄ နာရီတွင် ဆိုင်ကယ်နှင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကာ မေ ၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တုံတာနယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါကျူးလွန်သူ လွှဲပြောင်းခဲ့ကာ တောင်ကြီးမြို့ မြို့မရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
Peter Cocktail ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာသည် မေ ၄ ရက်၊ ညပိုင်းက ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

2026.5.7 အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တီးတိန်မြို့နယ်ရှိ တော်လှန်ရေးရဲဘော်၊ ရဲမေများအပါအဝင် ၁၀ ဦး သေဆုံး
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ချင်းညီနောင်(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
မေလ ၆ ရက် မနေ့ညပိုင်းမှာ တီးတိန်မြို့နယ်၊ ဖူနွမ် (Phunom) ကျေးရွာက ဘုရားကျောင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က ဒရုန်းတွေနဲ့ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းညီနောင်(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထောက်ပို့လုပ်ပေးရာ နောက်တန်းနေရာကို စစ်တပ်က သိရှိသွားပြီးနောက် အတိအကျဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“ရဲဘော်နဲ့ ရဲမေ ၇ ဦး ကျဆုံးပြီး ပြည်သူ ၃ ဦး ကျဆုံးတယ်လို့ပဲ သိရပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့မသိရပါဘူး။ ရဲဘော်တွေက နောက်တန်းတစ်နေရာကနေ ရှေ့တန်းကို ရိက္ခာထောက်ပို့ လုပ်နေတာပါ။ စကမ က သူတို့ တည်နေရာ သိသွားတာ၊ သတင်းရသွားတာ ထင်ပါတယ် ” လို့ ချင်းညီနောင်(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က မောင်းကိုပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းမီးလောင်ပျက်စီးသွားသလို ကျဆုံးသွားသူတွေအထဲ PDF Zoland က ရဲဘော်၊ ရဲမေတွေပါဝင်ကြောင်းနဲ့ ဒဏ်ရာရသူတွေပါ ရှိတယ်လို့ သိရပြီး အသေးစိတ်ကို အတည်ပြုနိုင်ဖို့ မောင်းသတင်းဌာနဘက်က PDF Zoland ကို ဆက်သွယ်သတင်းမေးမြန်းထားဆဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ဖလမ်းမြို့ကိုပြန်လည်သိမ်းယူခဲ့သလို ချင်းမြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ကနေဒီတောင်ကိုလည်း ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာပြန်လည်ရယူထားနိုင်ခဲ့ပြီး လက်ရှိမှာတော့ တီးတန်-ကလေးကားလမ်းပေါ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တီးတိန်မြို့နယ်၊ ဖူနွမ်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်းကျဆုံးသွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ် (ဓာတ်ပုံ CB)
2026.5.7 ပဲခူးတိုင်း၊ အောက်မင်းလှမြို့နယ်တွင် ပေါ်တာဝင်ဆွဲသော ပျူစောထီးခေါင်းဆောင် နေလင်းနှင့်အဖွဲ့က လူငယ် မောင်အောင်ဇေယျာဖြိုးကို ပစ်သတ်သွား၊ စစ်ကိုင်းမြို့တွင် ဧပြီလအတွင်း လူငယ် ၄၀၀ ဦး ပေါ်တာဆွဲဖမ်းဆီးခံရ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အောက်မင်းလှမြို့နယ်တွင် ပေါ်တာဆွဲရန် ကြိုးပမ်းသည့် ပျူစောထီးအဖွဲ့က လူငယ်တစ်ဦးကို ပစ်သတ်သွားကြောင်း ပစ်သတ်ခံရသည့် လူငယ်၏ ဆွေမျိုးများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် အောက်မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာအတွင်းသို့ ပျူစောထီးခေါင်းဆောင် နေလင်းနှင့် အဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် ကျေးရွာနေလူငယ် မောင်အောင်ဇေယျာဖြိုးကို သေဆုံးသည်အထိ ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။
“ပျူခေါင်းဆောင်ကလည်း ကိုင်ပြင်းကြီးကျေးရွာသားပါပဲ၊ တစ်ရွာတည်းနေတာ။ အကြောင်းပြချက်က မခိုင်လုံပါဘူး၊ သက်သက်မဲ့ ဝင်ပစ်သွားတာပါ” ဟု ဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်နှင့် လမ်းဆုံလမ်းခွများတွင် ဧပြီလတစ်လအတွင်း အလုပ်သွားအလုပ်ပြန် လူငယ် ၄၀၀ ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများနှင့် စစ်ကိုင်းမြို့အခြေစိုက် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ဝန်းကျင် လူငယ်အမျိုးသားများဖြစ်ကြပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ မိဘဆွေမျိုးများနှင့် တွေ့ဆုံခွင့်မပေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက နေ့တိုင်းလိုလို ပေါ်တာဆွဲဖမ်းဆီးတာပါ။ ၁ ရက်ကို အယောက် ၈၀ ကျော် နေ့တိုင်းလိုလို ဆွဲကြမ်းနေတာ။ ဧပြီလနဲ့ မေလမှာ လူငယ် ၇၀၀ ဦးကို စီမံချက်နဲ့ ဆွဲမယ်လို့ ပြောတယ်။ ၅ လပိုင်းအထိကို စစ်ကိုင်းမြို့ပေါ်နဲ့ နေရာစုံကို ပေါ်တာ ပတ်ဆွဲနေတာပါ။ လမ်းတွေပိတ်ဆို့ပြီး ကားပေါ်ပါတဲ့သူတွေ၊ အလုပ်သွားပြန် လူငယ်တွေကိုပဲ ရွေးဆွဲတာ။”ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဖမ်းဆီးခံလိုက်ရသော လူငယ်များကို မိသားစုများက ငွေဖြင့် ပြန်လည် ရွေးယူရန် ကြိုးပမ်းသော်လည်း စစ်တပ်က အရွေးမခံဘဲ မိသားစုများနှင့်ပါ အဆက်အသွယ် ဖြတ်တောက်ထားကြောင်း သိရှိရသည်။
“ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ မိသားစုတွေက ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင်တောင် အရွေးမခံဘူး။ လက်ရှိမှာ သူတို့ကို တပ်မ ၃၃ ထဲမှာ ပို့ထားတယ်လို့ သိရတယ်။” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။
စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လမ်းဆုံများ၊ ရထားဘူတာ၊ ကားဂိတ်နှင့် စစ်ကိုင်းတံတားဂိတ်များတွင် ပိတ်ဆို့ရှာဖွေခြင်း၊ ဧည့်စ ာရင်းစစ်ဆေးခြင်းများ ပြုလုပ်ကာ လူငယ်များကို အဆက်မပြတ် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပုံ- ညပိုင်း မြို့ပြဒေသများတွင် စစ်တပ်၊ရဲ၊ ထွေ/အုပ်နှင့်ပျူစောထီးများက ဝင်ရောက်စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
2026.5.6 ပေါက်တော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို နှစ်လနီးပါးကြာသည့်တိုင် ဒီလပ်က မဖမ်းနိုင်သေး
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုတွင် ပြစ်မှုကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ဒီလပ်က မဖမ်းနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုတွင် ပြစ်မှုကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ဒီလပ်က မဖမ်းနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဖြစ်ပြီး ၎င်းအား ပြစ်မှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒီလပ်အဖွဲ့၏ ပေါ့ဆမှုကြောင့် လွတ်မြောက်သွားသည်ကာ ယနေ့ထိ ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
“သုံးလပိုင်း သုံးရက်နေ့ လေးနာရီခွဲစပ်ကြားမှာ ကလေးကို မုဒိန်းကျင့်တယ်။ အဲချိန်မှာ ကလေးအော်သံကြားလို့ ရပ်ရွာက လူတွေတွေ့တော့ အဲလူက ထွက်ပြေးသွားတယ်။ အဲနေ့ တစ်ရက်လုံး ပျောက်နေတယ်။ သုံးလ ပိုင်း လေးရက်နေ့မှာ ပေါက်တောမြို့နယ်၊ ဖဒူအုပ်စု၊ အလယ်ရွာလိုင်းဘုတ်ပိုင်ရှင် မောင်သန်းမြင့် ဘုတ်ထက်မှာ သူ့ကို မင်္သကာလို့ ဖမ်းတယ်။ နောက်ပြီး ကလေးကို (နစ်နာသူ) ကိုခေါ်ပြီး ဒီလူလားလို့ သေချာမေးလို့ ဟုတ်တယ်လို့ ပြောမှ ဖမ်းလိုက်တယ်။ ဖမ်းလို့ ရခဲ့ပေမယ့် DELPS ပေါ့ဆမှုကြောင့် တရားခံလွတ်သွားတယ် ” ဟု နစ်နာသူ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူချေကျေးရွာမှ အသက် (၈) နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ထိုနေ့ ညနေ ၄ နာရီကျော်တွင် နစ်နာသူ မိန်းကလေးငယ်မှာ အဒေါ်ဖြစ်သူနှင့် ရွာအပြင် ဘက်သို့လိုက်ပါသွားပြီးနောက် အဒေါ်ဖြစ်သူမသိဘဲ တစ်ယောက်တည်း ပြန်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ဖဒူချေအောက်ရွာအစပ် ဘုရားချောင်းရွာနှင့် ဖဒူချေရွာကြား လမ်းခုလပ်တစ်နေရာတွင် ဦးထွန်းအောင်ချေနှင့် တွေ့ပြီး ထိုမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ရာ ကျေးရွာသားများက တွေ့သွားသဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာဇာတိဖြစ်ပြီး ဘုရားချောင်း ကျေးရွာတွင် ငါးဖမ်းဘုတ်၌ အငှားလိုက်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မင်းပြားခရိုင်တရားရုံး၌ အမှုဖွင့်အရေးယူထားပြီး မည်သည့် ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရပေ။ နစ်နာသူမိသားစုဝင်များက ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရန်နှင့် တရားမျှတမှုရှိအောင် ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုထားကြသည်။
“မိသားစုဝင်အနေနဲ့ကတော့ တရားခံကိုလည်း အမြန်ဆုံး ရအောင်ဖမ်းမိစေချင်တယ်။ တရားခံမဖမ်းမိခင် စပ်ကြားမှာ ပေါ့ဆမှုကြောင့် လွတ်သွားတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပေး စေချင်တယ်။ တခါကလည်း အင်္ဂရားချိုင်ကျွန်း (အရှေ့ဖရုံကာကျွန်း)၊ ငမဲပြင်ရွာမှာ တွေ့တယ်ဆိုလို့ လိုက်ရှာကြတယ်။ ဒါပေမဲ့ တရားခံက တောထဲဝင်ပြေးသွားတော့ တောထဲကိုလိုက်မရှာကြဘူး။ အရေးတယူ မဖြစ်ဖြစ်အောင် ရှာရမယ်။ အခုက အဲလိုမဟုတ်ဘဲ ရလိုရငြားလိုက်ကြည့်နေတယ်လို့ပဲ မြင်တယ်” ဟု နစ်နာသူ မိသားစုဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများတွင် သက်ငယ်မုဒိမ်းမှုများ တိုးလာနေပြီး ယခုနှစ် ဇန်နဝါရီလမှ ယခုလအထိ သက်ငယ်မုဒိမ်းမှု ၆ ခုထက်မနည်းရှိနေသည်။
လက်ရှိ သက်ငယ်မုဒိန်းမှုများသည် တဖြည်းဖြည်းတိုးလာနေပြီး အမျိုးသမီးများ၏ လုံခြုံရေးအန္တရာယ်ကို ယခင်ထက်ပို စိုးရိမ်စရာဖြစ်လာနေသည်။
တဖက်တွင်လည်း ပြစ်မှုကျူးလွန်သူများကို အရေးယူမှုပိုင်းတွင် အားနည်းနေခြင်းကလည်း အမျိုးသမီးများ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှားနေသူများက ဆိုကြသည်။
“သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေပေးသင့်တယ်။နောက်ပြီး အာဏာပိုင်တွေတောင်မက ပြည်သူတစ်ရပ်လုံးကိုပါ ဒီလူကို ဒီပုဒ်မနဲ့ အပြစ်ပေးအရေးယူတယ်ဆိုတာ အသိပေးရမယ်။ ဒါမှလည်း ကျူးလွန်သူတွေက ထပ်မလုပ်ရဲမှာ။ Training, Awareness ပေးတာတစ်ခုတည်းနဲ့ အဆင်မပြေဘူး။ အာဏာပိုင်တွေကလည်း လူသိရှင်ကြား ကျူးလွန်သူတွေကို အပြစ်ပေးစေချင်တယ်” ဟု ကမ်းထောင့်ကြီး လူငယ်များ အစည်းအရုံးမှ အမျိုးသမီးတစ်ဦးက ပြောသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ မည်သူမဆို အသက် (၁၂) နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် မုဒိမ်းမှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုပိုင်းမှာ အားနည်းနေသေးကာ တရားဥပဒေအရ ဆောင်ရွက်မှုပိုင်းမှာလည်း ထိရောက်မှုမရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှား သူများက ဝေဖန်ထောက်ပြနေကြသည်။

2026.5.6 မိုင်းပန်တွင် တရုတ် ၅၂ ဦးအပါအဝင် ကျားဖြန့်အဖွဲ့ဝင်များ ဖမ်းဆီးခံရ
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ဆက်စပ်တယ် ဆိုပြီး တရုတ်နိုင်ငံသား ၅၂ ယောက်အပါအဝင် လူအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်က မေ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မေ ၄ ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းအတွင်း မိုင်းပန်မြို့နယ် ကျိုင်းတောင်း–မိုင်းပန် ကားလမ်းအနီး စစ်ဆင်ရေးလုပ်ဆောင်ရာ “ဝ” အမျိုးသားတယောက်၊ ရှမ်းအမျိုးသမီး ၂ ယောက်၊ လားဟူ အမျိုးသမီးတယောက်နဲ့ တရုတ်နိုင်ငံသား ၅၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုနဲ့အတူ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ စခန်းတခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီစခန်းဟာ ကျိုင်းတောင်း–မိုင်းပန်သွား ကားလမ်းရဲ့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာမှာ တည်ရှိပြီး အဆောက်အအုံတွေထဲမှာ မီးရှို့ဖျက်ဆီးထားတဲ့ ကွန်ပျူတာတွေ၊ အလုပ်ရုံ ၃ ရုံ၊ လူနေတဲ ၈ လုံး၊ ကွန်ပျူတာ ၁၂ လုံး၊ Starlink စက် ၄ လုံးနဲ့ မီးစက်အကြီး ၂ လုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းပန်ဒေသခံတယောက်က “အခုလို ကျားဖြန့်လုပ်ငန်းတွေကို ဒေသတွင်းမှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားနေရပေမဲ့ တကယ်တမ်း ဘယ်လောက်အထိ အမြစ်ပြတ်အောင် နှိမ်နင်းနိုင်မလဲ ဆိုတာကိုတော့ ဒေသခံတွေ စောင့်ကြည့်နေကြပါတယ်။ ဖမ်းဆီးမှုတွေ ရှိနေသလို တရုတ်နိုင်ငံသားတွေ နေ့တိုင်း ဝင်ထွက်သွားလာနေတာလည်း ဆက်ရှိနေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိထားသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ စစ်အာဏာရှင်က ဆိုပါတယ်။
မကြာသေးခင်ကလည်း မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေနဲ့ နိုင်ငံခြားသားတွေပါဝင်တဲ့ ကျားဖြန့်ကွန်ရက်တွေကို ဒေသအများအပြားမှာ ဆက်တိုက် ဖမ်းဆီး နေတယ်လို့ သိရပါတယ်။

2026.5.7 ညသန်းခေါင်နေအိမ်ပေါ် ဓားနဲ့ဝင်ထိုးလို့ သက်ကြီးပိုင်းအမျိုးသမီးသေဆုံး
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာမှာ နေအိမ်အတွင်းထိုးခံရပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၆ ရက်မနက် ၃ နာရီကျော်က နေအိမ်မှာအိပ်နေတဲ့ အသက် ၇၀ အရွယ် ဒေါ်လှိုင်နဲ့ ၃၇ နှစ်အရွယ် သားဖြစ်သူတို့ကို အမျိုးသား ၁ ဦးက နေအိမ်ပေါ်ထိတက်ပြီးဓားနဲ့ထိုးရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“သားကအပြင်မှာအိပ်တယ်။ အမေက အိမ်ထဲမှာအိပ်တယ်။ အမေကိုထိုးသံအော်သံကြားတော့ သားကအိမ်ထဲဝင်လိုက်တော့ ဟိုကောင်(ဓားနဲ့ထိုးသူ)က အိမ်ပေါ်ကဆင်းဆင်းချင်းထိုးပြီး နပန်းလုံးကြသေးတာ။ အဲ့ကောင်လက်ထဲက ဓားလည်းရကော အဲ့ကောင်ကထွက်ပြေးသွားကော”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်လှိုင်ကတော့ လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့ကာ သားဖြစ်သူကတော့ လည်ပင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ ၆ ချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဓားနဲ့ထိုးခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်လုပ်ခဲ့လဲဆိုတာကို မသိရသေးသလို လက်ရှိအချိန်အထိဖမ်းမိတာလည်းမရှိသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။
ခုလိုဓါးနဲ့ထိုးတာဟာ ဆွဲကြိုးတက်လုတာ၊ ရန်ငြိုးကြောင့်လာသတ်တာလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပေမယ့် မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။
အလောင်းကတော့ မေလ ၇ ရက်အထိ မကွေးပြည်သူ့ဆေးရုံမှာပဲထားရှိပြီး ဒဏ်ရာရသူမှာလည်း ဆက်လက်ဆေးကုသနေရတယ်လို့ သိရပါတယ်။

2026.5.6 ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၉၃ ကီလိုကျော် ဖမ်းဆီးရမိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ မလေးရှား နိုင်ငံကို လေကြောင်းခရီးနဲ့ သယ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (Methamphetamine) မူးယစ်ဆေးဝါးအများအပြားကို တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က မေလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ဧပြီ ၂၆ ရက်နေ့က စတင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရန်ကုန်ကနေ ကွာလာလမ်ပူ ကို သွားမယ့် ခရီးသည်တွေထံမှ ကွင်းဆက်ဖော်ထုတ်ရင်း လားရှိုး မြို့အထိ ဆက်လက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းဖော်ထုတ်ချက်အရ ကွာလာလမ်ပူသို့ သွားမယ့် ခရီးသည် ၆ ဦးထံကနေ အိုက်စ် ၈၂ ကီလိုကျော်ကို စတင်သိမ်းဆည်းရမိခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ ကုန်စည်ပို့ဆောင်ရေးရုံးတစ်ခုမှာ နောက်ထပ် ၉ ဒသမ ၅ ကီလို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် မူးယစ်ဆေးဝါးပို့ဆောင်ခိုင်းသူ အောင်ကျော်ဝင်း (ခ) အောင်အောင် နဲ့ ဇနီးဖြစ်သူကို လားရှိုးမြို့ရှိ ဟိုတယ်တစ်ခုမှာ အိုက်စ် ၁ ကီလိုနဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း ဖမ်းဆီးရမိမှုမှာ အိုက်စ် ၉၃ ဒသမ ၁၅ ကီလိုရှိပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်ရှိတယ်လို့ CCDAC Myanmar က ဖော်ပြထားပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်ပါဝင်ပတ်သက်သူတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

2026.5.6 ပြည်ပက ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွင့်အတွက် ကန့်သတ်ချက်တွေနဲ့ ပယ်ချမှုများလာလို့ အဆင်မပြေ
ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုတဲ့နေရာမှာ ကန့်သတ်ချက်တွေများလာတဲ့အပြင် ထွက်ခွာခွင့်ပယ်ချခံရတဲ့ အရေအတွက်လည်း ရာနဲ့ချီရှိလာတာကြောင့် ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွာဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။
အရင် ဧပြီလ တလတည်းမှာပဲ ပြည်ပပြန်ထွက်ခွင့်လျှောက်ခဲ့တဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်လောက်ဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့်ဆိုပြီး ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရသူအများစုဟာ OWIC ကတ်မှာပါတဲ့ နိုင်ငံ၊ ကုမ္ပဏီနဲ့ ပြန်ထွက်ခွာမယ့် နိုင်ငံ၊ ကုမ္ပဏီ မတူခြင်း ၊ သက်တမ်းရှိ Workpermit နဲ့ လေယာဥ်လက်မှတ်မပါခြင်း ၊ လေဆိပ်အဝင်တံဆိပ်တုံး ၊ နိုင်ငံကူးလက်မှတ် ၊ အလုပ်ရှင်ခွင့်စာ၊ စာရွက်စာတမ်း မှန်ကန်မှုမရှိခြင်း စတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အတွက် ထွက်ခွာခွင့်ပယ်ချခံရပြီး ပြန်လည်တင်ပြဖို့ အသိပေးခံခဲ့ရတာ တွေ့ရပါတယ်။
” ထွက်ခွာတင်တာမှာ ချမပေးဘူးလားဆိုတော့လည်း မဟုတ်ဘူး ချပေးတယ်။ ဘယ်လိုစိစစ်ချပေးသလဲဆို အတိအကျမရှိသလိုဖြစ်နေတယ်။ တချို့မှာ အချက်အလက် အပြည့်စုံတင်ပေမယ့်လည်း သတ်မှတ်ရက်မကျလို့ လေယာဥ်လက်မှတ်ဖိုးတွေဆုံးရှုံးရတယ်။ ခွင့်ရက်အတွက် အလုပ်ရှင်နဲ့ စကားပြောရတယ်။ နစ်နာမှုတွေအများကြီးရှိတယ်။ ကန့်သတ်ချက်တွေက ဖြေလျှော့တာမဟုတ်ဘဲ ထပ်ထပ်တိုးလာနေတော့ ပိုဆိုးတယ်။ ဒီအခြေအနေတွေကို ပြည်ပကမြန်မာအကုန်လုံးကသိနေတော့ ပြန်ရမှာ ကြောက်ကုန်ကြတာ။ ပြန်လာပြီးမှထွက်မရတာတွေ ၊ ကြန့်ကြာတွေဆို စိတ်ရောလူရော ပင်ပန်းတယ်။ငွေလည်းကုန်တယ်။ အဲဒီတော့ တချို့က မပြန်တော့ဘူးဆိုသူများလာတယ်။ကျွန်တော်လည်း ပြန်လာပြီး ဖြစ်နေတော့ အခြေအနေကြည့် လုပ်ရမှာပေါ့။ ” လို့ စင်ကာပူ ခွင့်ပြန် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ပြည်ပခွင့်ပြန် အလုပ်သမားတွေ မြန်မာပြည်ပြန်လာပါက သံရုံးထောက်ခံစာ နဲ့ အလုပ်ရှင်ခွင့်စာ လိုအပ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထုတ်ပြန်ခဲ့သလို့ မနေ့ကလည်း ကန့်သတ်ချက်တချို့ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထပ်မံထုတ်ပြန်လာပါတယ်။
ခွင့်ပြန်လုပ်သားတွေအနေနဲ့ ခွင့်ရက် တလထက်ပိုပြီး ယူပါက ခွင့်ရက်တလထက်ပိုယူရတဲ့ အကြောင်း အရင်းကို အချက်အလက်ခိုင်လုံစွာနဲ့ တင်ပြဖို့ ထပ်မံညွှန်ကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အလုပ်ရှင်ဆီက ခွင့်ရက်ရပေမယ့် လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံက ခွင့်ပြန်လုပ်သားတွေ ထွက်ခွာခွင့်အခက်အခဲကြောင့် နေရပ်ပြန်ပြီးနောက် ပြန်လည်ထွက်ခွာခွင့် ကြန့်ကြာမှာ စိုးရိမ်တဲ့အတွက် နေရပ်မပြန်ရဲသူတွေ ပိုများလာ တယ်လို့ စုံစမ်းသိရှိရပါတယ်။
” ခွင့်ကို တလပဲပေးတယ်လို့ ဘယ်သူကများ ပြောလည်း မသိဘူး ။ တလဆိုတာ အနည်းဆုံးပေးတဲ့ ခွင့်ရက် ပါ။ ကျွန်တော်ဆိုရင် အရင်က နှစ်နှစ်တကြိမ် ပြန်ဖြစ်တယ်။ တခါပြန်ရင် ခွင့်နှစ်လ ရတယ်။ လေယာဥ်လက်မှတ်ဖိုးလည်း အလုပ်ရှင်ကပေးတယ်။ အဲဒီခွင့်ရက်အတွက်လည်း လုပ်ခလစာ အပြည့်ရတယ်။ အခုလည်း အလုပ်က ခွင့်ရတယ်။ ဒါပေမယ့် မပြန်တော့ဘူး ။မပြန်ခင်ကတည်းက စိတ်ဒုက္ခရောက်နေရတယ်။ ပြန်ရောက်ပြီးရင်လည်း ပြန်ထွက်ဖို့ စိတ်ဒုက္ခထပ်ရောက်ရအုံးမယ်ဆိုတော့ မပြန်တော့ဘူး ။ ကိုယ့်နိုင်ငံ ကိုယ်ပြန်တာကို သံရုံးထောက်ခံစာ တွေယူရတယ်။ ခွင့်ရက် တလကျော်ရင်တောင် အကြောင်းပြချက်ကပေးရအုံးမယ်ဆိုတော့ တကယ်အဆင်မပြေဘူး ။ အဆင်မပြေလို့ ပြည်ပထွက်လုပ်တာ ခွင့်ရရင် ကိုယ့်နေရပ်ပြန်ချင်တာပေါ့။ ” လို့ ကာတာရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိမှာ ခွင့်ပြန်လုပ်သားတွေကို ပြန်လည်ထွက်ခွာခွင့် ချပေးတဲ့နေရာမှာ ထွက်ခွာမယ့်ရက်ရဲ့ လေယာဥ်ချိန်ကျော်မှ ခွင့်ပြုချက်ချပေးတာတွေ ၊ ထွက်ခွာမယ့် ရက်ထက်နောက်ကျပြီးမှ ထွက်ခွာခွင့်ချပေးတာ စတဲ့ အလွဲအမှားတွေလည်း ရှိ နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်းမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ ခွင့်ပြန်လုပ်သားတွေကိုပါ ပြန်လည်ထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး တင်းကျပ်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၁ နောက်ပိုင်းကစပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနူန်း အဆမဆန်မြင့်တက်ခြင်း ၊ လုပ်ခလစာ နည်းခြင်း စတဲ့အခြေအနေတွေကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲပြီး ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အမျိုးသား အမျိုးသမီး လူငယ် လူရွယ်အများစုဟာ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်တာ ပိုများလာခဲ့တာ တွေ့ရပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကို သွားရောက်မှုပိုများပြီး မလေးရှားနိုင်ငံ ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်သူ ၊ စင်ကာပူနိုင်ငံကို သွားရောက်လုပ်ကိုင်မှု ၊ ဂျပန်နိုင်ငံ စတဲ့နိုင်ငံတွေကို သွားရောက်အလုပ်လုပ်သူ ပိုများလာတယ်လို့ သိရပါတယ်။

2026.5.5 ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်သည့် အလုပ်လက်မဲ့မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားတရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲဆို
ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၊ စီတာပတ်ဧရိယာရှိ ကွန်ဒိုမီနီယံ အဆောက်အအုံရှေ့တွင် ဇနီးဟောင်းကို သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား ယနေ့တွင် ကွာလာလမ်ပူ တရားသူကြီးရုံး (Magistrate’s Court) ၌ လူသတ်မှုဖြင့် တရားစွဲဆိုလိုက်သည်။
အလုပ်လက်မဲ့ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ချင်းလူမျိုး အောင်ထွန်းငွား (Aung Tun Ngwa) သည် တရားသူကြီး Nurul Izzah Hasan Basri ရှေ့မှောက်တွင် စွဲချက်ကို ဖတ်ကြားပြရာ၌ နားလည်ကြောင်း ခေါင်းငြိမ့်ဝန်ခံခဲ့သည်။ သို့သော်လည်း လူသတ်မှုများသည် အထက်တရားရုံး (High Court) ၏ စီရင်ပိုင်ခွင့်အောက်တွင်သာ ရှိသောကြောင့် တရားခံထံမှ အပြစ်ရှိ၊ မရှိ ထွက်ဆိုချက်ကိုမူ ယနေ့တွင် မှတ်တမ်းတင်ခဲ့ခြင်း မရှိပေ။
အောင်ထွန်းငွားသည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က Taman Setapak Indah Jaya ရှိ Genting Court ကွန်ဒိုမီနီယံ၊ Block 1 ရှေ့တွင် မြန်မာနိုင်ငံသားချင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဇနီးဟောင်းဖြစ်သည့် လီဆူအမျိုးသမီး မယ်ရီ ရွက်ငွား (Merry Yet Ngwa) ကို သတ်ဖြတ်ခဲ့မှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။
၎င်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး၊ ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် အနည်းဆုံး အနှစ် ၃၀ မှ အနှစ် ၄၀ အထိ ချမှတ်ခံရနိုင်သည့်အပြင် အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်လည်း ချမှတ်ခံရနိုင်သော ပုဒ်မဖြစ်သည်။
တရားရုံးက အဆိုပါအမှုကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် (ရက်ချိန်း) သတ်မှတ်ခဲ့သည်။ အမှုစစ်ဆေးရာတွင် တရားလိုဘက်မှ ရဲအရာရှိ M. Naresh Kumar က ဆောင်ရွက်ခဲ့ပြီး တရားခံဘက်မှ ရှေ့နေတစ်စုံတစ်ရာ ပါဝင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ကွာလာလမ်ပူ ရဲချုပ် Datuk Fadil Marsus ၏ ပြောကြားချက်အရ – မြန်မာအမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့ပြီး ၎င်းမှာ ဇနီးဟောင်းဖြစ်သူအား ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရကြောင်း၊ ရုပ်အလောင်းကို စစ်ဆေးရာတွင်လည်း ရင်ဘတ်၌ ဓားဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

2026.5.5 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှု နှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းမရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင်ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း လိုအပ်သည့်စုံစမ်းစစ်ဆေးခြင်းနှင့်ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် မိုင်းပန်မြို့၏ မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၂၅၀ ပေ အနံ ၃၀ ပေရှိ (သွပ်မိုး၊ သွပ်ကာ) အလုပ်ရုံ ၃ ရုံ၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၈ လုံး၊ All In One ၁ လုံး၊ Laptop ၁၂ လုံး၊ Starlink ၄ လုံး၊ ပါဝါစတေရှင်(အကြီး) ၃ လုံး၊ ပါဝါစတေရှင် (အသေး) ၁ လုံး၊ 200 KV မီးစက်(အကြီး) ၁ လုံး၊ 150 KV မီးစက်(အကြီး) ၁ လုံးနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှာဖွေ ဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ မွန်းလွဲပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်သူ “ဝ” လူမျိုး အမျိုးသား ၁ ဦး၊ ရှမ်းလူမျိုး အမျိုးသမီး ၂ ဦး၊ လားဟူလူမျိုး အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ညနေပိုင်း၌ ၎င်းနေရာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀၀ ခန့်အကွာတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့်ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနှင့်မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
x1200

2026.5.4 မြန်မာပြည်အလည်ပြန်ဖို့ သံရုံးထောက်ခံစာလိုအပ်သည့် ကြေညာချက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေ
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ နိုင်ငံအလည်ပြန်လာပါက သက်ဆိုင်ရာသံရုံးမှထောက်ခံစာတောင်းလာရန် လိုအပ်ကြောင်း စစ်အုပ်စုကကြေညာထားသည့်အပေါ် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေကြောင်း ပြည်ပရောက် မြန်မာအလုပ်သမားအသိုင်းအဝိုင်းက ပြောသည်။
မြန်မာနိုင်ငံသို့အလည်ပြန်လာမည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် မေလ(၁)ရက်နေ့မှစတင်ပြီး အလုပ်ရှင်၏ခွင့်စာကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများထံပြသ၊ ထောက်ခံစာတောင်းခံ၍ တပါတည်းယူဆောင်လာရမည်ဟု စစ်အုပ်စုထိန်းချုပ်ထားသည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီလ(၁၈)ရက်နေ့ဖြင့် ကြေညာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်အုပ်စု၏ကြေညာချက်က ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားပေးရာရောက်သလို ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်စေသဖြင့် ပြန်ရုပ်သိမ်းသင့်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေ မိခင်နိုင်ငံပြန်ရင် အလုပ်ရှင်ရဲ့ခွင့်ပြုချက်ပေါ့၊ နောက်တစ်ခုက သံရုံးမှာလည်း ထောက်ခံစာယူပြီးတော့မှ ပြန်ရမယ်လို့ ဆိုထားပါတယ်။ ကျနော်တို့ အလုပ်သမားတွေ အင်မတန်မှ ခက်ခဲနေပါတယ်ဆိုမှ ဒါတွေက ပိုပြီးတော့ဖိအားပေးရာရောက်ပါတယ်။ ဒါကြောင့် ပြန်ပြီးတော့ ရုပ်သိမ်းသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးထူးချစ်က ဆိုသည်။
ထို့အပြင် ခွင့်ဖြင့် မြန်မာပြည် ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများသည် အလုပ်လုပ်ခွင့်ကတ်(Work Permit)၊ ဗီဇာ၊ ခွင့်စာပါလုပ်ငန်းခွင်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ(OWIC) ကတ်ပါ လုပ်ငန်းခွင် မကိုက်ညီပါက ပြန်လည်လျှောက်ထားရမည်ဟု ဖော်ပြထားသည်။
လိမ်လည်ထားသောခွင့်စာများကို စစ်ဆေးတွေ့ရှိပါက ပြည်ပထွက်ခွင့်ပိတ်ပင်ပြီး အမည်မဲစာရင်းအထိ တင်သွင်းအရေးယူမည်ဖြစ်ကြောင်းလည်း စစ်အုပ်စုကြေညာချက်အရ သိရသည်။
ဘန်ကောက်တွင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက“ ထိုင်းမှာ အလုပ်သမားအများစုကတော့ ခွင့်ပြန်ရင် လေယာဥ်နဲ့ပြန်တာ နည်းတယ်။ နယ်စပ်ဂိတ်တွေကနေ ပြန်ကြတာများတယ်။ အခု ခွင့်ပြန်ရင် သံရုံးထောက်ခံစာယူရမယ်ဆိုတော့ သိတဲ့အတိုင်း ပွဲစားတွေနဲ့လုပ်ရမယ်။ အကုန်အကျပိုများမှာဆိုတော့ မလွယ်ဘူး၊ ကျနော်တော့ မပြန်သေးဘူး” ဟု ကေအိုင်စီကို ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားတည်ရှိရာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကလည်း ခွင့်ဖြင့် ထိုင်းမှမြန်မာပြည်အလည်ပြန်မည့် အလုပ်သမားများကို နံနက်ဖြန် မေလ(၅)ရက်နေ့မှစ၍ သံရုံးထောက်ခံစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထောက်ခံစာ လျှောက်ထားမည့် အလုပ်သမားများအနေဖြင့် ပတ်စ်ပို့ မိတ္တူနှင့် သက်တမ်းရှိ ဗီဇာစာမျက်နှာ၊ OWIC၊ Work Permit မိတ္တူများ၊ အလုပ်ရှင်(သို့မဟုတ်)ကုမ္ပဏီ၏ခွင့်စာ၊ လေယာဉ်လက်မှတ်တို့ တင်ပြ၍ ဘတ် ၁၅၀ ဖြင့် လူကိုယ်တိုင် သို့မဟုတ်၊ ကိုယ်စားလှယ်ဖြင့် လျှောက်ထားနိုင်သည်ဟု သံရုံးက ဆိုသည်။
စစ်အုပ်စု၏ကြေညာချက်ထွက်ရှိလာပြီး ရက်ပိုင်းအတွင်း ပြည်ပမှမြန်မာနိုင်ငံသို့ခွင့်ရက်ဖြင့် တရားဝင်ပြန်လာသူ မြန်မာနိုင်ငံသားများ ပြည်ပပြန်လည်ထွက်ခွာမှုအပေါ် အလုပ်သမားဝန်ကြီးဌာနမှ အကြောင်းအမျိုးမျိုးပြ ပယ်ချလိုက်ခြင်း ရှိနေကြောင်းလည်း ဒေသသတင်းမီဒီယာတချို့မှ သတင်းထွက်ပေါ်လျက်ရှိသည်။
စစ်အုပ်စု အာဏာသိမ်းကာလနှင့် လက်ရှိ စစ်တပ်အသွင်ပြောင်း အစိုးရဖွဲ့ပြီးကာလတွင် ပြည်ပနိုင်ငံအသီးသီး သို့ရောက်ရှိနေသည့် အလုပ်သမားများကို နည်းအမျိုးမျိုးဖြင့် ဖိအားပေးသည့် အမိန့်များ စစ်အုပ်စုက ထုတ်ပြန်ခြင်းရှိခဲ့သည်။
2026.5.4 ရခိုင် အမျိုးသမီးသတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရ
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံနေရသဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သံလွင်ခက် သတင်းဌာနက မေလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံနေရသဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သံလွင်ခက် သတင်းဌာနက မေလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။
သတင်းထောက် မခင်သရီဖီဦးကို “Twan Lynn Thein” အမည်နှင့် Facebook အကောင့်ပိုင်ရှင်မှ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ကျမ အခုရင်ဆိုင်နေရတဲ့ ပြဿနာက သတင်းထောက်ဖြစ်နေလို့တင် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်၊ ဗမာစကားပြောတာရယ်ကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ စတင် ဆဲဆို တိုက်ခိုက်ခံရတာပါ။ ဒီလိုမျိုးဆဲဆိုတာတွေကို မလုပ်ဖို့ ပြောတဲ့ အခါမှာလည်း ကျမတို့ရဲ့ တရားဝင် Page အောက်မှာတင် ပိုပြီး ညစ်ညမ်းတဲ့ စကားတွေ၊ အပြစ်ဖို့တဲ့ မေးခွန်းတွေနဲ့ comment တွေကို ထပ်ပြီး တွေ့နေရတုန်းပါပဲ ” ဟု မခင်သရီဖီဦးက ဆိုသည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကား ခြိမ်းခြောက်မှုပြုလုပ်သူမှာ ရခိုင်ပြည်၊ ပန်းမြောင်းတိုက်နယ်၊ နဂါရွာအုပ်စု၊ သိမ်တောင်ရပ်ကွက်မှ ကိုထွန်းလင်းသိန်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လုပ်ရပ်များမှာ အမျိုးသမီးတစ်ဦး အပေါ် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် ULA/AA ကို တောင်းဆိုထားသည်။
မခင်သရဖီဦးသည် ရခိုင်ပြည်တွင်း မြေပြင်သတင်းများကို ပြည်သူများသိအောင် အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေသည့် အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပြီး သတင်းလုပ်သက် ၁၀ စုနှစ်တစ်ခုအထိ ဖြတ်သန်းလာသူဖြစ်သည်။
ထိုသို့ ပြည်သူများအနေဖြင့် သတင်းမှန်များ ရောက်ရှိရေးအတွက် အသက်အန္တရာယ်ကြားမှာ ကြိုပမ်းနေကြသည့် သတင်းသမားများ၊ အထူးသဖြင့် အမျိုးသမီးသတင်းထောက်များအပေါ် ယခုကဲ့သို့ အကြမ်းဖက် ခြိမ်းခြောက်မှုများကို အများပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချပေးရန် ထုတ်ပြန်ချက်က ဆိုထားသည်။
“ ဒီကိစ္စကို ဒီအတိုင်း ရပ်ကြည့်နေလို့ မရတော့ပါဘူး။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ရော၊ ကျမတို့ရဲ့ လူမှုအသိုင်းဝိုင်းတစ်ခုလုံး အနေနဲ့ပါ ဒီလိုလုပ်ရပ်တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက် ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်တစ်ခုဖြစ်ဖို့ ဒါမျိုးတွေကို အမြစ်ပြတ်အောင် ကျမတို့ အတူတူ တွန်းလှန်ကြဖို့ ပြောချင်ပါတယ် ” ဟု မခင်သရဖီဦး က ဆက်ပြောသည်။
ယင်းအပြင် သံလွင်ခက် သတင်းဌာန အနေဖြင့် အမျိုးသမီးဝန်ထမ်းများအပေါ် ယခုကဲ့သို့ ခြိမ်ခြောက်မှုမျိုးကို လုံးဝသည်းခံမည် မဟုတ်ကြောင်းနှင့် ကျူးလွန်သည့် သူ၏ အထောက်ထားများကို စုဆောင်းကာ နိုင်ငံတကာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့စည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၃ ရက်သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပြီး သတင်သမားများ၏ လုံခြုံရေးနှင့် လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားရန် ကမ္ဘာတစ်ဝန်းက အသိမှတ်ပြုထားသော နေ့ဖြစ်သည်။
ထို့ကြောင့် အမျိုသမီးများ အပေါ် ထိုကဲ့သို့ လေးစားမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ပြောဆိုခြင်းများနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ကျူးလွန်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူ ကိုင်တွယ်ဖြေရှင်းပေးရန် ရခိုင်ပြည်က အမျိုးသမီးများက တောင်းဆိုနေကြသည်။

2026.5.3 နေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ထိခိုက်ဒဏ်ရာရ
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
” တောထဲကနေ ဝါးခုတ်ပြီး ကားတက်လာတာ။ကားကတက်လာတော့ လမ်းကွေ့ဖြစ်တဲ့အချိန်မှာ မြေကျွံပြီးတော့ ကားကချောက်ထဲတိမ်းမှောက်သွားတာ။ လမ်းဘေးမြေသားက ကျွံပြီးနိမ့်ကျသွားတာ။ အခင်းဖြစ်တဲ့နေရာမှာ ကျား ၉ ၊ မ ၇ သေဆုံးရှိတယ်။ ကျန်တာက တော့ဆေးရုံကထွက်လာမှသိရတယ်။ ဒဏ်ရာရက ၁၅ ကနေ ၂၀ လောက်ရှိမယ်။ကားက ဝိတ်လည်းများတယ်။ ဝါးကလည်းပါတယ်။ မတော်တဆ မြေကျွံတာကြောင့်ပေါ့ ။” လို့ မြေပြင်ကူညီ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ အမြန်လမ်း မီးသတ်စခန်းတာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေပါကြောင်း ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ရှိ ဆေးရုံတို့ကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။
” ကုတင် ၁၀၀၀ ဆေးရုံကို ကိုးယောက် ရောက်လာတယ်သိရတယ်။ သေဆုံးကများတယ် သိရတယ်။ ” လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုအတွင်း သေဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ မိုးစွေကျေးရွာအုပ်စုနဲ့ တောင်ညိုကျေးရွာအုပ်စုက ဖြစ်ကြောင်းသိရပါတယ်။
ဧပြီ ၃၀ နေ့ကလည်း နေပြည်တော် ဗုဒ္ဓဂယာက ဘုရားဖူးပြန်လာတဲ့ သုံးဘီးဆိုင်ကယ်မှောက်လို့ ၁၂ယောက် ဒဏ်ရာရပြီး တယောက်သေဆုံးခဲ့ပါသေးတယ်။

2026.5.3 တောင်သာမှာ ကျောင်းထိုင်ဆရာတော် တပါး သတ်ခံရ
မန္တလေးတိုင်း ၊ တောင်သာမြို့ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာမှာရှိတဲ့ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဉူးစန္ဒာဝရကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က လာရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မေ ၂ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ မဟာဝါဠုကာရာမ ကျောင်းတိုက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင်အမျိုးသားတွေရောက်လာပြီး ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ် ။
” ဆရာတော်ကို ကျောင်းဝန်းအပြင်ဘက်ထိ ခေါ်သွားပြီး အပြင်ဘက်ရောက်မှ ပစ်သတ်သွားတာလို့ သိရတယ်။ ပစ်သွားတဲ့သူတွေ မမိပါဘူး ။ ဆရာတော်ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
အသတ်ခံရတဲ့ ဆရာတော် ဉူးစန္ဒာဝရဟာ သက်တော် ၄၈နှစ်၊ ဝါတော် ၂၈ နှစ်ရှိပြီလို့ သိရပါတယ် ။
၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ သံဃာအရေအတွက် ၉၃ ပါးရှိခဲ့ပြီး ဖမ်းဆီးခံရလို့ ပျောက်ဆုံးနေတဲ့ သံဃာ ၄၅ ပါးရှိခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ် ။
တောင်သာမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွက် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာမျိုးမရှိပေမယ့် ကျေးရွာတချို့မှာတော့ နေအိမ်တွေ မီးရှို့ခံရလို့ မီးလောင်ပျက်စီးမှုတွေဖြစ်ပွားနေကြာင်း ၊ ဒီကနေ့ မေ ၂ ရက်မှာဆိုရင်လည်း ဇေယျာသီရိရွာမှာ နေအိမ်တွေ မီးလောင်ဆုံးရှုံးမှု ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ် စစ်ကြောင်းက တောင်သာမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ သွားလာလှုပ်ရှား မှုရှိတဲ့ နယ်မြေဘက်တွေကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီအတွက် တိုက်ပွဲ ဖြစ်ပွားမှာစိုးတာကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်းက ဒေသခံပြည်သူတွေ .စစ်ရှောင်နေကြရတယ်လို့ သိရပါတယ် ။
တောင်သာ နဲ့ အနီးမှာ ရှိတဲ့ မြို့တွေဖြစ်တဲ့ နွားထိုးကြီး ၊မြင်းခြံဘက်တွေမှာတော့ တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး အစိုးရတပ်က မြေပြင် စစ်ကြောင်းထိုးရှင်းလင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

2026.5.1 ဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ CI စနစ် ဖျက်သိမ်းရေး တောင်းဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက စုဝေးဆန္ဒပြကြပြီး စစ်သမ္မတ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချကာ CI စနစ်နဲ့ အခွန်ကောက်ခံမှုတွေ ဖျက်သိမ်းရေး တောင်းဆိုခဲ့ကြတယ်လို့ The Reporter သတင်းဌာနက ဖော်ပြပါတယ်။
ဆန္ဒပြပွဲကို Bright Future အဖွဲ့မှ ဦးဆောင်ကာ ဘန်ကောက်မြို့ရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) ရှေ့မှာ စုဝေးကျင်းပခဲ့ပြီး အလုပ်သမားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်တွေကို ထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းသပိတ်မှောက်ကြဖို့နဲ့ ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်မဟုတ်သလို မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကိုလည်း မဖော်ဆောင်ပေးနိုင်ကြောင်း ဆန္ဒပြသူတွေက ပြောဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲအတွင်း CI စာအုပ်စနစ် ဖျက်သိမ်းရေးကိုလည်း တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာအလုပ်သမားတွေကို ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ ခေါင်းပုံဖြတ်ခြင်းတွေမှာ အသုံးပြုနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ စနစ်ကို ရပ်ဆိုင်းပေးရန် တိုက်တွန်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာလည်း ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ကိုသာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိက အထောက်အထားအဖြစ် အသုံးပြုခွင့်ပေးပြီး အခွင့်အရေးကာကွယ်မှုတွေ ပြုလုပ်ပေးရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
x1200

2026.4.30 ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားသောနေအိမ်တွင် ပြစ်ဒဏ်ဆက်လက်ကျခံရန် ပြောင်းလဲဟု MRTV ကြေညာ
နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိကျခံနေရတဲ့ ပြစ်ဒဏ်တွေကို “သတ်မှတ်ထားတဲ့နေအိမ်”မှာ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ဒီနေ့ ဧပြီ ၃၀ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
ကြေညာချက်ထဲမှာ ပြောင်းလဲကျခံရမယ့် နေအိမ်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာကို မဖော်ပြထားသလို အမိန့်ကို ဘယ်သူက အတည်ပြုခဲ့တာလဲဆိုတာကိုလည်း ထည့်သွင်းမဖော်ပြထားပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကော်မရှင်ဘက်က တိတိကျကျ မထုတ်ပြန်ခဲ့တာကြောင့် ယခု “သတ်မှတ်ထားတဲ့နေအိမ်” ဆိုတဲ့အသုံးအနှုန်းက အမှန်တကယ် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာ ဟုတ်မဟုတ်ဆိုတာအပေါ် မေးခွန်းတွေ ထပ်မံပေါ်ပေါက်လာစေခဲ့ပါတယ်။
MRTV ရဲ့ ရုပ်သံကြေညာချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖြူရောင်အင်္ကျီနဲ့ ထဘီဝတ်ဆင်ထားပြီး စစ်ဝတ်စုံဝတ်အရာရှိတစ်ဦးနဲ့ ရဲဝတ်စုံဝတ်သူတစ်ဦးတို့နဲ့ စကားပြောနေသလို မြင်တွေ့ရတဲ့ ပုံရိပ်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ နှစ်ကျော်ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး အသက်ရှင်နေမှုအပေါ် အတည်ပြုချက်မရှိသေးတာကြောင့် နိုင်ငံတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အသက်ရှင်နေမှု သက်သေပြရန် တောင်းဆိုမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
တစ်ဖက်မှာလည်း အာဆီယံက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းထားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်နဲ့ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံ အာဆီယံစင်မြင့်ကို ပြန်လည်ဝင်ရောက်လိုပါက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာတွေ နောက်ခံအဖြစ်ရှိနေတဲ့အချိန်မှာ ယခုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

2026.4.19 ရန်ကုန်-မော်လမြိုင်လမ်းတွင် ကား ၄ စီးတိုက်မိပြီး ၁၂ ဦး သေဆုံး
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဧပြီ ၁၈ ရက် မနေ့ညနေပိုင်းက ကား ၄ စီး တိုက်မိပြီး သံဃာတွေအပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
သထုံ-ရန်ကုန် အဝေးပြေးလမ်း နောင်ဘိုကျေးရွာမှာ မော်လမြိုင်ဘက်ကနေလာတဲ့ Express ကားနဲ့ ကား ၄ စီး တိုက်မိခဲ့တာဖြစ်ပြီး လိုက်ထရပ်ကား ပေါ်ပါလာတဲ့ သံဃာ ၇ ပါး၊ ကိုရင် တပါး၊ ကလေး တယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူတယောက်က “မော်လမြိုင်မှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ ကိုအောင်မြင့်က သင်္ကြန်မကျခင်ကတည်းက သထုံမှာ ဘုန်းကြီးဝတ်နေတာ။ မနေ့က ကျိုက်ထီးရိုးဘုရားကို လိုက်ထရပ်ကားနဲ့ သွားကြတယ်။ သံဃာတွေအပါ ၁၉ ဦး ပါတယ်။ အဲဒါ ယာဥ်မတော်တဆမှုဖြစ်သွားကြတာ” လို့ DVB ကိုပြောပါတယ်။
ယာဥ်တိုက်မှုကို သထုံမြို့နယ်မီးသတ်စခန်းနဲ့ ကျိုက္ကော်နယ်မြေမီးသတ်စခန်း၊ အကြင်နာတွဲလက် လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသား လူမှုကူညီရေးအသင်း၊ နှလုံးသားလှ လူမှုကူညီရေးအသင်း၊ မေတ္တာရှင် လူမှုကူညီရေးအသင်း၊ သင်္ခါရ လူမှုကူညီရေးအသင်းတို့က ကူညီကယ်ဆယ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သထုံပြည်သူ့ဆေးရုံ၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံတွေဆီ ပို့ထားရတယ်လို့ သိရပါတယ်။

2026.4.13 တောင်ကုတ်တွင် ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက် နှင့် ဘီယာများ ဖမ်းဆီးရမိ
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းသို့ အမ်းမြို့ဘက်မှ တရားမဝင် သယ်ဆောင်လာသည့် ပြည်ပထုတ် အရက်နှင့် ဘီယာများကို တောင်ကုတ်မြို့ခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် အမ်း-တောင်ကုတ် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနအပါအဝင် အကောက်ခွန်နှင့် အခွန်ဌာနတို့ ပူးပေါင်းစစ်ဆေးစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ အသက် (၅၃) နှစ်အရွယ် ဦးသန်းထွန်း ဖြစ်သည်။
၎င်းသည် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နှင့်အတူ တေဘာကားတစ်စီးဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ပိတ်ပင်ထားသည့် အရက်နှင့် ဘီယာများကို သယ်ဆောင်လာစဉ် စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း DLEPS က ဆိုသည်။
ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများမှာ Grand Royal Signature (အပြာပုလင်းကြီး)၃၄၈ လုံး (၂၉ ဖာ)Grand Royal Signature (အပြာပုလင်းပြား)၄၈၀ ပြား (၂၀ ဖာ)
Grand Royal Smooth (ပုလင်းကြီး)၄၉၂ လုံး (၄၁ ဖာ)Grand Royal Smooth (ပုလင်းပြား)၅၇၆ ပြား (၂၄ ဖာ)Grand Royal Special Reserve ၁၂ လုံး (၁ ဖာ) တို့ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိသော ပစ္စည်းများ၏ စုစုပေါင်းကာလတန်ဖိုးမှာ ကျပ်သိန်း (၁၁၀) ကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် တရားမဝင် အရက်နှင့် ဘီယာများ တင်သွင်းလာသည့် ပိုင်ရှင် ဦးသန်းထွန်းကို (ပ) ၉/၂၀၂၆၊ ယစ်မျိုးဥပဒေပုဒ်မ – ၃၀ (က) အရ အမှုဖွင့် အရေးယူထားပြီး သက်သေခံပစ္စည်းများကိုလည်း DLEPS ဌာနက သိမ်းဆည်းထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့် ပြည်ပထုတ်အရက်များ တင်သွင်းဖြန့်ဖြူးခြင်းကို ဧပြီလမှ မေလ ၃၀ ရက်နေ့အထိ ယာယီခွင့်ပြုပေးထားသော်လည်း တစ်ဖက်တွင် တရားမဝင်လမ်းကြောင်းမှ တင်သွင်းရောင်းချသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

2026.4.8 တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၅ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၅ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို ဧပြီ ၇ ရက် မွန်းလွဲပိုင်းက လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာသို့ အရောက်၌ သွပ်မိုး၊ သွပ်ကာ၊ သုံးထပ်သားပြားခင်း အဆောင်များဖြစ်သည့် အလျားပေ ၁၂၀၊ အနံ ပေ ၆၀ ရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ဆောင်သည့် အဆောင် တစ်လုံး၊ အလျား ပေ ၂၀၀၊ အနံ ပေ ၆၀ ရှိ ချက်ပြုတ်/စားဆောင်အပါ လူနေအိပ်ဆောင် တစ်လုံးနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆောင် တစ်လုံး၊ အလျား ၃၅ ပေ၊ အနံ ပေ ၃၀ ရှိ စတိုဈေးဆိုင်အဆောင် တစ်လုံး၊ အလျား ပေ ၄၀၊ အနံ ၃၅ ပေရှိ ပစ္စည်းစတို တစ်လုံး၊ ပေ ၄၀ ပတ်လည် အိပ်ဆောင် နှစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ဂိတ်ဝင်/ထွက်ဆောင် တစ်လုံးနှင့် အလျား ပေ ၆၀၊ အနံ ၅ ပေရှိ အိမ်သာအဆောက်အအုံ တစ်လုံး စုစုပေါင်း အဆောက်အအုံ ကိုးလုံးကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအမျိုးသား ၁၂၂ ဦးနှင့် အမျိုးသမီး သုံးဦး၊ လာအိုနိုင်ငံသား အမျိုးသမီး တစ်ဦး၊ စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်သော မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနှင့် မီးစက်ကြီး တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီစစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

2026.1.24 အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့ အမျိုးသားကို ရွှေပြည်သာတံတားပေါ်မှာ သဲကားနဲ့ ကုန်ကားက တိုက်ကြိတ်လို့သေဆုံး
စက်ဘီးနဲ့ အလုပ်က ပြန်လာသူအမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ကာ နောက်တစ်စီးကပါ ထပ်ကြိတ်မိလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်ကြိတ်ခံရသူက အသက် ၃၅ နှစ်အရွယ်အမျိုးသားလို့သိရှိရပြီး ရွှေပြည်သာဘက်အခြမ်းတံတားပေါ်အတက်မှာ တွဲကားနဲ့ ကုန်တင်ကားက တိုက်ကြိတ်မိကာ အဆိုပါကားနှစ်စီးစလုံးကိုလည်း ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။
ကနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” တွဲကားက တိုက်ပြီး ကုန်ကားက ကြိတ်တာလား၊ကုန်ကားက တိုက်ပြီး တွဲကားကကြိတ်တာလား ၊ မသိပါဘူး ။ ၂ စီးလုံးကိုတော့ ဖမ်းထားပါတယ်။ ကျွန်တော်တို့အသင်း တစ်သင်းထဲတော့မဟုတ်ဘူး၊ အခြားမိတ်ဖက်အသင်းတွေလည်းလာကြတယ်။ တိုက်မိတဲ့သူက အတော်ဆိုးဆိုးရွားရွားခန္ဓာကိုယ် ပျက်စီးသွားတာ။ ခေါင်းက ဦးနှောက်တွေထွက်တယ်။ လျှာလည်း ပြတ်ထွက်၊ လက်တွေလည်း ကျိုးပြတ်တာမျိုးဖြစ်တော့ တစ်စစီတော့ အင်္ဂါစုံအောင်ရှာဖွေ ကောက်ယူထုပ်ပိုးပေးခဲ့ပါတယ်။” လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာမှာ သက်ဆိုင်တာဝန်ရှိသူတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေအပြီး လူမှုကူညီရေးအသင်းတွေက အချို့ ခန္ဓာကိုယ် အပိုင်းစတွေကောက်ယူကာ၊ အညစ်အကြေးတွေကို သေချာရှင်းလင်းပြီး သဲတွေနဲ့ ဖုံးအုပ်ပေးတာတွေ ပြုလုပ်ခဲ့ပေးခဲ့တယ်လို့သိရပါတယ်။ သေချာ ကောက်ယူထုပ်ပိုးထားတဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံဆီ ကနောင် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
2026.1.24 ဆေးကြောင်နေသော ခင်ပွန်းက ဇနီးသည်အား ခေါင်းဖြတ်သတ်မှု မှော်ဘီတွင် ယနေ့ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လင်မယားနှစ်ဦး ရန်ဖြစ် စကားများကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား ခေါင်းဖြတ်သတ်ဖြတ်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က မှော်ဘီ၊ ဆတ်သွားတော၊ ပေတစ်ရာမြောက်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယား စကားများကြရာမှ နေအိမ်အတွင်း၌ပင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် ခင်ပွန်းဖြစ်သူသည် ပြတ်သွားသည့် ဇနီးသည်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ကကိုင်ကာ လက်တစ်ဖက်က ဓားကိုကိုင်၍ လမ်းမအလယ် ထွက်လာပြီး ခေတ္တ ထိုင်နေခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့မြင်ရသည်။ ထို့နောက် တရားခံက လမ်းသွားလမ်းလာကားတစ်စီးကို တား၍ ဓားဖြင့် ခြိမ်းခြောက်ကာ ပြည်လမ်းအတိုင်း မှော်ဘီတိုးဂိတ်ဘက်သို့ မောင်းနှင်စေခဲ့သည်။ ယင်းနောက် တိုးဂိတ်အကျော်တွင် ခေါင်းအား ပစ်ချထားခဲ့ကြောင်းနှင့် ယင်းအားဖမ်းမိခဲ့ကြောင်း သိရသည်။
တရားခံလူငယ်နှင့် သေဆုံးသူအမျိုးသမီးငယ်တွင် ရင်သွေးနှစ်ဦးရှိပြီး ကျူးလွန်သူမှာ အလုပ်ထုတ်ခံရခြင်း၊ Slot Game များရှုံးခြင်းနှင့် မူးယစ်ဆေးနှင့်အရက်သေစာသုံးစွဲထားခြင်းများကြောင့် ဇနီးကို လည်ပင်းဖြတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီး၏ ကြွင်းရစ်သော ရုပ်အလောင်းကို ဇာတိ သာယာဝတီမြို့နယ်သို့ မှော်ဘီဒေသခံလူမှုကူညီရေးအသင်းက ယနေ့ညနေတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
2026.1.24 မဲဆောက်တွင် LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း
မဲဆောက်မြို့၊မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)လူငယ်၊ ကိုတင်ဇော်ထွေး(ခ)ဧရာဝတီမ သတ်ဖြတ်ခံလိုက်ရသည့်အမှုတွင် ကျူးလွန်သူတရားခံများကိုဖမ်းမိရေး မဲဆောက်မြို့ရှိ LGBT ကွန်ယက်၊ တက်ကြွလှုပ်ရှားသူများက အာဏာပိုင်များနှင့်ပူးပေါင်းကြိုးပမ်းနေကြောင်းသိရသည်။
အသက်(၃၀)ဝန်းကျင်အရွယ် အဆိုပါ LGBT လူငယ်အား ဇန်နဝါရီလ(၂၀)ရက်နေ့က တောင်ယာစိုက်ကွင်းခြံဝင်းတစ်ခုအတွင်း ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရသည့်အနေအထား၊ ဒဏ်ရာဒဏ်ချက်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်အပေါ် မဲဆောက်မြို့ရှိ LGBT အသိုင်းအဝိုင်းက ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နယ်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်ကူညီဆောင်ရွက်နေကြောင်း LGBT ကွန်ယက်တာဝန်ရှိသူ ကိုလွင်ကိုဦးကဆိုသည်။
“ပစ္စည်းလုယူတာတင်မကဘူး သတ်ဖြတ်သွားတဲ့အထိပါဆိုတော့ စိတ်မကောင်းဘူး။ အမှုမှန်ပေါ်ပေါက်ရေးကိုလည်း သက်ဆိုင်ရာမိသားစုဝင်တွေနဲ့အတူ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးတော့ တရားခံမိအောင်ကျနော်တို့ကြိုးပမ်းသွားမယ်။ ကျနော်တို့LGBTကွန်ယက်အနေနဲ့လည်း ပြင်းပြင်းထန်ထန်ရှုံ့ချသွားဖို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
သေဆုံးသူကိုတင်ဇော်ထွေးသည် လူမှုကွန်ယက်တွင်လူသိများအောင်မြင်နေသည့် အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ်၊‌ ရေ ကျော်ကြီးကျေးရွာဇာတိ ဖြစ်သည်။ အာဏာပိုင်များကသေမှုသေခင်းစုံစမ်းချက်အရ အကြမ်းဖက်သတ်ဖြတ်ခံရလိုက်သည့်အနေအထားရှိ၍ ကျူးလွန်သူတစ်ဦးထက်မနည်းပိုနိုင်ကြောင်းလည်း သူ၏မိသားစုဝင်ထံကဆိုသည်။
“တစ်ယောက်မကတဲ့လူအင်အားနဲ့ သူ့ကိုလိမ်ညာချိန်းခေါ်ပြီးလုပ်သွားတာမျိုးတွေ့ရတယ်။ လုပ်သွားတဲ့သူတွေကိုမိဖို့အားလုံးကြိုးစားနေတယ်။ CCTV ကရတဲ့ အထောက်အထား၊ မျက်မြင်ရှိခဲ့တဲ့သူတွေရဲ့အကူအညီနဲ့ဖမ်းမိဖို့လုပ်နေကြတယ်” ဟု သေဆုံးသူ၏မိသားစုဝင်ကပြောသည်။
ကိုတင်ဇော်ထွေး၏ရုပ်အလောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃) ရက်နေ့က မဲဆောက်ဆေးရုံကြီးတွင် သေမှုသေခင်းစစ်ဆေးပြီးနောက် ကျောင်းကြီးကျောင်းတိုက်တွင်ထားရှိကာ သံဃာတော်များဖြင့် အသုဘရှုတရားနာဆွမ်းကပ်ပြုလုပ်ခဲ့သည်။
ယနေ့ ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် ကျောင်းကြီး ကျောင်းတိုက်မှ မဲဆောက်မြို့ရှိ မြူနီစပါယ်(ထေ့စဘန်း) သုဿာန်သို့ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း မိသားစုဝင်များကပြောသည်။
2026.1.22 သီတာယုမွန်၏ ခင်ပွန်းဖြစ်သူ စိန်လွင်ကို အရေးယူနိုင်ရန် သက်ဆိုင်ရာကို လွှဲမည်
မန္တလေးတိုင်း၊ မြင်းခြံမြို့က စစ်တပ်လက်ပါးစေ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ခင်ပွန်းဖြစ်သူ စိန်လွင်ကို မြင်းခြံခရိုင် တပ်ရင်း ၃ က ဖမ်းဆီးမိပြီးတဲ့နောက် စစ်ဆေးမှုတွေ လုပ်နေပြီး အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲပြောင်းအပ်နှံသွားမယ်လို့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ ကားနဲ့ ခရီးထွက်လာတဲ့ စိန်လွင်နဲ့ အမျိုးသမီး ၂ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ တပ်ခွဲ ၂ က ဖမ်းဆီးမိခဲ့တာပါ။
စိန်လွင် ဆိုသူဟာ မြင်းခြံမြို့နယ် ၁၉ ရပ်ကွက် ပြည်သူ့စစ် ဒုတိယခေါင်းဆောင်လည်း ဖြစ်သလို စစ်တပ်အရာရှိတွေနဲ့ ပူးပေါင်းပြီး သူ့ဇနီးကို ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်အောင် ကြိုးစားပေးခဲ့သူ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
လက်ရှိမှာတော့ သူ့ကို မြင်းခြံခရိုင် တပ်ရင်း ၃ က ထိန်းသိမ်းထားကာ စစ်ဆေးမှုနေပြီး စစ်ဆေးမှု ပြီးဆုံးရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၃၊ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက “သူကတော့ ဘူးခံနေတာကြီးပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သီတာယုမွန် ဖြစ်လာဖို့အတွက် သူက အနောက်က လက်မည်းပုံစံမျိုးပဲ။ အကုန်လုံးရှိသမျှ ဗိုလ်တွေ၊ ခရိုနီတွေ ချိတ်ဆက်မှုတွေအကုန် သူပဲ လုပ်ပေးခဲ့တာ။ အခုလက်ရှိကတော့ ကျနော့်ဆီမှာပဲ ရှိတယ်ပေါ့နော်။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ အင်ဖော်မေးရှင်း ရသလို စစ်ဆေးမေးမြန်းချက်တွေလည်း ရှိတယ်။ ခရိုင်ကနေလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်။ အခု ကျနော်တို့လည်း စစ်တယ်။ ခရိုင် IO ကိုယ်တိုင်လည်း လာစစ်ပါ၊ ကျနော်တို့ စစ်ခွင့်ပေးတယ်။ နောက်ပြီးရင် သူ့မှာပါလာတဲ့ပစ္စည်းတွေနဲ့ သက်ဆိုင်ရာကို လူရော အကုန်လွှဲအပ်မှာပေါ့။ ကျန်တာတွေကတော့ သူတို့ဘာသာသူတို့ ဆက်လုပ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ ဘာမှဆက်လုပ်စရာ မရှိပါဘူး”လို့ ပြောပါတယ်။
သီတာယုမွန်ဟာ အရင်က ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ အမျိုးသမီး ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်တွေ ဖွဲ့စည်းချိန်မှာ သူက မြင်းခြံမြို့ရဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာသူပါ။
သီတာယုမွန် အဖွဲ့ဟာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးတဝိုက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးတာ မီးရှို့တာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီဒေသတွင်းက NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို သတ်ဖြတ်ရာမှာလည်း ပါဝင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
သီတာယုမွန်ဟာ စစ်တပ်အရာရှိပိုင်းတွေရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ မြင်းခြံမြို့ပေါ်က အုပ်ချုပ်ရေး၊ အမှုအခင်းတွေနဲ့ စစ်မှုထမ်းကိစ္စတွေကို ဦးဆောင်ကိုင်တွယ်နေသလို ရရှိလာတဲ့ ငွေကြေးတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတာတွေ ရှိတယ်လို့ သူ့လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပြောဆိုတာတွေလည်း ရှိပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေ ဖမ်းဆီးတာကို ခံထားရတဲ့ စိန်လွင်ဟာ သူနဲ့ ကွာရှင်းထားတာ ၄ နှစ်ကျော်ပြီဖြစ်တဲ့ သူ့ရဲ့ ခင်ပွန်းဟောင်းဖြစ်တယ်လို့ သီတာယုမွန်က သူရဲ့ လူမှုကွန်ရက်မှာ ပြောဆိုနေတာတွေလည်း တွေ့ရပါတယ်။
ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီးနောက်ပိုင်း လက်ရှိ မြင်းခြံမြို့ပေါ်မှာတော့ သီတာယုမွန်ရဲ့ တပ်တွေ လှုပ်ရှားနေတာ တွေ့ရပြီး သီတာယုမွန်ကိုတော့ အပြင်ထွက် သွားလာတာ မတွေ့ရဘူးလို့ မြင်းခြံမြို့ခံတွေက ပြောပါတယ်။
မြင်းခြံမြို့ခံတယောက်က “ဒီကောင်ကတော့ အေးအေးဆေးဆေးသမားဗျ၊ သူ့ယောကျ်ားကတော့ အဲဒီလိုကြီးတွေတော့ မပါဘူး၊ သူက ကျန်တဲ့သူတွေနဲ့ပဲ လှုပ်ရှားရတာပေါ့၊ ပေါင်းတာတော့ ပေါင်းတယ်၊ သူတို့ဟာသူတို့ အရှုပ်အရှင်းတော့ ဘယ်လိုရှိသလဲ ကျနော်တို့ မသိဘူးပေါ့၊ သူကတော့ သွားလာသောက်စားနေတာပဲ၊ အဲဒီလောက်ပဲ၊ ဟိုလိုမျိုးတွေတော့ မရှိပါဘူး၊ အစပိုင်းတော့ မသိဘူးပေါ့၊ နောက်ပိုင်းတော့ ဘာသံမှကို မကြားရတာ သူ့ယောက်ျားက။ ဒီမှာတော့ တခုခုဆို သူ့ဆီပဲ သွားတာပေါ့။ အကြွေးတောင်းတို့၊ ပြဿနာတွေ ဘာတွေဆို သူက ပိုက်ဆံယူပြီး ဖြေရှင်းပေးတာပေါ့၊ အကုန်လုံးကို သူက ချုပ်ကိုင်ထားသလို ဖြစ်လာတာပေါ့”လို့ ပြောပါတယ်။
သီတာယုမွန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးတဝိုက်ကို တပ်ဖြန့်ချထားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေကို လုပ်ဆောင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။
2026.1.21 မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးကိုသတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း အတည်ပြု ထုတ်ပြန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု သတင်း ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ “ဘမ်ဘင်” ကချင်ရိုးရာစားသောက်ဆိုင်အနီးတွင် မျက်နှာအား Mask များ တပ်ဆင်ထားသည့် အမည်မသိ အမျိုးသား ခုနစ်ဦးမှ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး သုံးဦးအား တားဆီးပြီး ၎င်းတို့ကို လမ်းဘေး၌ ဒူးထောက်ထိုင်စေကာ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေ ၅၂၀,၀၀၀ ကျပ်နှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်မှု ကျုးလွန်ခဲ့သည်။
ထိုစဉ် ဦးဇော်မိုးအောင်ဆိုသူ မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်အား ၎င်းတို့က ထပ်မံတားဆီးကာ ၎င်းတို့လေးဦးအား သေနတ်ပြခြိမ်းခြောက်၍ မော်တော်ယာဉ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ပြီး တပ်ကုန်းရပ်ကွက်ရှိ သင်္ချိုင်းကုန်းအနီးအရောက်၌ အမျိုးသမီး နှစ်ဦးတို့အား မော်တော်ယာဉ်ပေါ်မှ ဆင်းစေကာ ၎င်းတို့ထံမှ စိန်နားကပ် တစ်ရံ၊ ရွှေနားကပ် တစ်ရံနှင့် ရွှေလက်စွပ် တစ်ကွင်းတို့အား လုယက်ယူဆောင်၍ ကျန်အမျိုးသမီး တစ်ဦးနှင့် ဦးဇော်မိုးအောင်တို့အား ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး ၎င်းအမျိုးသမီးအား အမည်မသိ အမျိုးသား ခုနစ်ဦးမှ သားမယား ပြုကျင့်ပြီး ၎င်းထံမှ ရွှေနားကပ် တစ်ရံအား လုယက်ယူဆောင်၍ ပြန်လွှတ်ပေးခဲ့ကာ ဦးဇော်မိုးအောင်အား သတ်ဖြတ်ပြီး မော်တော်ယာဉ်အား ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြစ်ကြီးနားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၇၆/၁၁၄ နှင့် (ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၆ တို့ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ရာဒါကောင်း(ဘီ)ရပ်ကွက်ရှိ လမ်းသွယ်(၇)၌ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်နေ တရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင်(ခ)မျိုးဂျက်အောင်(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က ၎င်းတို့လုယက်ယူဆောင်သွားခဲ့သည့် KCN-16/1N-XXXX နံပါတ်ပါ MAZDA အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် သေဆုံးသူ ဦးဇော်မိုးအောင်ထံမှ လုယက် ယူဆောင်ခဲ့သည့် Apple Watch အဖြူရောင်နာရီ တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဒုံဂျန်(မြောက်)ရပ်ကွက်နေ တရားခံ ဆိုင်းဒူ(၁၇)နှစ်အား ၎င်းတို့လုယက်ယူဆောင်သွားသည့် နားကပ် သုံးရံနှင့်အတူ တစ်ရပ်ကွက်တည်းနေ ၎င်း၏ဦးလေးဖြစ်သူနေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမြီကျေးရွာနေ တရားခံ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်(၂၆)နှစ်အား ၎င်းငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ အိမ်ငှားတန်းလျား တိုက်ခန်းအမှတ် (SN-148)၌ လည်းကောင်း၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် တပ်ကုန်းရပ်ကွက်နေ တရားခံ နော်လီ(၃၁)နှစ်အား ၎င်းစီးနင်းလာသည့် MDY/80W-XXXX ADIXIN 125 ဆိုင်ကယ် တစ်စီးနှင့်အတူ စီတာပူရပ်ကွက်ရှိ “ရှမ်းချယ်ရီ” ထမင်းဆိုင်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး တရားခံ နော်လီ ငှားရမ်းနေထိုင်သည့် ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်အမှတ် (ကပခ-၂/၀၃၉)အား သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ MA-3(ခေါက်ဒင်) သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၅.၅၆ ကျည် ၁၇ တောင့်၊ လက်ထိပ် တစ်ကွင်း၊ REDELL တံဆိပ်ပါ လက်ကိုင်စကားပြောစက် တစ်လုံး၊ မှတ်ပုံတင် တစ်ခုနှင့် အိမ်ထောင်စုဇယား တစ်ခုတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင် (ခ)မျိုးဂျက်အောင်၊ ဆိုင်းဒူ၊ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်နှင့် နော်လီတို့ လေးဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
2026.1.5 နှစ်သစ်တွင် ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းသို့ ပြန်ပို့
စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၅ ဦးနှင့်အတူ ကလေး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ လွှဲပြောင်းလိုက်သည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြန်မာနိုင်ငံသား ၁၇၅ ဦးကို နေရပ်ပြန်ပို့ခဲ့သေးသည်။
၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။
ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုက်သူများကို စစ်ကော်မရှင်က စစ်မှုထမ်းအဖြစ် အဓမ္မခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရရာမှ လွတ်မြောက်လာသူများထံမှ သိရသည်။ x1200
2026.1.4 ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးမှု ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးစားနေ
ရန်ကုန်၊ ဇန်နဝါရီ ၄
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ တာ့ခ် (Tak) ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးလိုက်သဖြင့် ယင်းအမျိုးသားကို ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။
ထိုင်းအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများက လူသတ်မုဒိမ်းကျင့်မှုအတွက် သံသယရှိနေသူကို မှားယွင်းပြည်နှင်ဒဏ်ပေးမိခဲ့ခြင်းဖြစ်ပြီး ဌာနများအကြား ဆက်သွယ်ရေး လွဲမှားမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားထားသည်။
အဆိုပါ ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရေးကော်မတီက အမျိုးသားကို လွှတ်ပေးမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလား သို့မဟုတ် ပေါ့ဆမှုကြောင့်လား ဆိုသည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကာ ပါဝင်ပတ်သက်သူ မည်သူ့ကိုမဆို ဌာနဆိုင်ရာ အရေးယူမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ (၅) ၏ တပ်မှူး ရဲဗိုလ်ချုပ် ဆာရာဝုဒ် ခွန်ယိုင် (Pol Maj Gen Sarawut Khonyai) က တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများအနေဖြင့် ဖြစ်ရပ်မှန်အားလုံးကို စုဆောင်းတင်ပြရန် ဇန်နဝါရီလ ၃ ရက်နေ့တွင် အမိန့်ပေးခဲ့သည်။
ထိုင်းအမျိုးသမီးကို မုဒိမ်းကျင့်လူသတ်မှုမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသတ်ခံရသော အမျိုးသမီး၏ မိခင်ဖြစ်သူက သမီးဖြစ်သူအတွက် တရားမျှတမှုရရှိရန် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်စ်သည်။
လူသတ်မုဒိမ်းကျင့်မှုအတွက် သံသယရှိသူ “ထွန်းသာအောင်” (Thonta Aung) ဟု ဖော်ထုတ်ထားသူကို နိုဝင်ဘာလ ၁၅ ရက်နေ့ မဲဆောက်မြို့ရှိ တာ့ခ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း တပ်ဖွဲ့ခွဲ (၅) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနေ့မှာပင် ရဲတပ်ဖွဲ့က ၎င်းသည် လူသတ်မှုဖြင့် သံသယရှိသူဖြစ်သောကြောင့် ပြည်နှင်ဒဏ်ပေးမှုကို ဆိုင်းငံ့ထားရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း မှားယွင်းလွှတ်လိုက်မိခြင်း ဖြစ်သည်ဟု သိရှိရသည်။

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts